အိမ်မဲမြို့နယ်အတွင်း ရပ်ကွက်၊ ကျေးရွာအုပ်စုများတွင် ကျောင်းနေအရွယ် ကလေးအားလုံး ကျောင်းအပ်နှံမှု မကျန်ရှိစေရေးလိုက်လံနှိုးဆော်

အိမ်မဲ ဇွန် ၄

ဧရာဝတီတိုင်းဒသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် အတွင်းရပ်ကွက်ကျေးရွာအုပ်စုများတွင် ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံမှုမကျန်ရှိစေရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိသူများက အသံချဲ့စက်များ၊ လက်ကိုင်ဟမ်းစပီကာများဖြင့် ယမန်နေ့ နံနက်ပိုင်းက ဆက်လက်နှိုးဆော်လျက်ရှိကြောင်း သိရသည်။

အဆိုပါလုပ်ငန်းများကို အိမ်မဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသက်ကိုကိုဦး၏ ဦးဆောင် လမ်းညွှန်မှုဖြင့် မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများတွင် မြို့နယ်ပညာရေးဦးစီးဌာနမှ တာဝန် ရှိသူများ၊ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ကျေးရွာရပ်/ကျေးစာရေးများက ကျောင်းနေအရွယ် ကလေးအားလုံးအခြေခံပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့ ဆောင်ပုဒ်နှင့် အညီ ကျောင်းအပ်နှံမှု မကျန်ရှိစေရေးအတွက် အသံချဲ့စက်များ၊ လက်ကိုင်ဟမ်းစပီကာများဖြင့် အသိပညာပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။

ချစ်သက်လယ် (အိမ်မဲ ပြန်/ဆက်)