ကလောမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် စာပေချစ်သူများအသင်း Book Club အဖွဲ့ဝင်များဖြင့် စာဖတ်ဝိုင်းကျင်းပ

ကလော ဇွန် ၄

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်သူများအသင်း (Book Club) အဖွဲ့တို့ ပူးပေါင်း၍ ယနေ့မွန်းလွှဲ (၃) နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာရေးဆရာ ရန်ကုန်ဘရွှေ ရေးသားသည့် သေသော်မှတည်း ဪကောင်း၏ စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဒေါ်စန်းစန်းယဉ် က စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်များ ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် စာပေချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင် ဒေါ်ပြည့်ဖြိုးကြွယ်၊ ဒေါ်စိုးမိုးနန္ဒာ၊ဒေါ်ပန်းလေးနှင့် ဒေါ်ဇာခြည်ငြိမ်းတို့က စာရေးဆရာ ရန်ကုန်ဘရွှေ ရေးသားသည့် သေသော်မှ တည်ဪကောင်း၏ စာအုပ်ပါအကြောင်းအရာများ ဖတ်ကြားဆွေးနွေးခဲ့ရာ ဆွေးနွေးချက်များပေါ် မြို့နယ်ဦးစီးအရာရှိနှင့် Book Club အဖွဲ့ဝင်များက ပြန်လည်ဝေဖန် သုံးသပ်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)