တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ၌ ကျောင်းသား/ကျောင်းသူများဖြင့် စာသင်ကြား

ထားဝယ် ဇွန် ၄

တနင်္သာရီတိုင်းဒေသကြီး၊ ၂၀၂၄ - ၂၀၂၅ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများတွင် ယမန်နေ့နံနက်ပိုင်းတွင် တစ်ပြိုင်နက်ဖွင့်လှစ်ခဲ့ရာ ကျောင်းများတွင်  ကျောင်းသား/ကျောင်းသူများ စာသင်ကြားလျက်ရှိကြောင်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ၌ ပညာသင်ကျောင်းသားဦးရေမှာ မူလတန်းအဆင့် (၁၃၇၁၇၄)ဦး၊  အလယ်တန်းအဆင့် (၃၅၄၁၆)ဦး၊ အထက်တန်းအဆင့် (၁၅၉၉၆)ဦးရှိကြောင်း သိရသည်။

ကျောင်းနေအရွယ် ကလေးသူငယ်များအားလုံး ကျောင်းသို့ရောက်ရှိပြီး ပညာသင်ယူခွင့်ရရှိရေး ကျောင်းထွက်နှုန်းမရှိစေဘဲ အတန်းစဉ်အလိုက် ကျောင်းနေမြဲရေးအတွက်ကျောင်းနေရွယ် ကလေးအားလုံး အခြေခံပညာသင်ယူဖို့ ကျောင်းအပ်နှံကြစို့ဟူသောဆောင်ပုဒ်နှင့်အညီ ကျောင်းသားမိဘများနှင့် ဆွေမျိုးများ၊ ညီအစ်ကိုမောင်နှမများက ကျောင်းသို့လာရောက်ပို့ဆောင်လျက်ရှိကြောင်း သိရသည်။

ငွေဇင်ယော်(ပြန်/ဆက်)