မကွေးပညာရေးဒီဂရီကောလိပ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းများ စတင်ဖွင့်လှစ်

မကွေး ဇွန် ၄

မကွေးပညာရေးဒီဂရီကောလိပ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အတွက် ကျောင်းသား၊ ကျောင်းသူများအား ယမန်နေ့မှစတင်၍ သက်ဆိုင်ရာအတန်းအလိုက် သင်ခန်းစာများ သင်ကြားပို့ချပေးလျက်ရှိကြောင်း သိရသည်။

မကွေးပညာရေးဒီဂရီကောလိပ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ကျောင်းများ ပြန်လည်ဖွင့်လှစ်ရာ၌ (၄)နှစ်သင် ပုံမှန်သင်တန်းများဖြစ်သည့် ပထမနှစ်(ပထမနှစ်ဝက်)၊ ဒုတိယနှစ်(ဒုတိယနှစ်ဝက်)၊ တတိယနှစ်(ပထမနှစ်ဝက်)နှင့် တတိယနှစ်(ဒုတိယနှစ်ဝက်) ကျောင်းသား၊ ကျောင်းသူ (၈၀၃)ဦးနှင့် PPTT အမှတ်စဉ် (၁၁/၂၄) ကျောင်းသား၊ ကျောင်းသူ (၃၂၃)ဦး၊ စုစုပေါင်း (၁၁၂၆)ဦး တက်ရောက်ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။

အောင်ကို(ဖန်ခါးမြေ)