အောင်လံ ဇွန် ၄
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့၌ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ပြည်သူများ ပလတ်စတစ်အိတ်လျှော့ချသုံးစွဲ စေရန်ရည်ရွယ်၍ မြို့နယ်စည်ပင်သာယာ မြို့မဈေး အတွင်း ဈေးရောင်းဈေးဝယ်ပြည်သူများအား ပလတ်စတစ်အိတ်အစား ငှက်ပျောဖက်၊ အင်ဖက်၊ စက္ကူအိတ်များ အသုံးပြုနိုင်ရေး အသိပညာပေး လက်ကမ်းစာစောင်များကို ယမန်နေ့ နံနက် ၈ နာရီခွဲက ဆောင်ရွက်ခဲ့သည်။
အဆိုပါ အောင်လံမြို့နယ် စည်ပင်သာယာရေးအဖွဲ့သည်အပတ်စဉ် တနင်္လာနေ့တိုင်း ပလတ်စတစ်အိတ်၊ ကြွပ်ကြွပ်အိတ်မသုံးစွဲရေးနှင့် ပလတ်စတစ် သုံးစွဲမှုလျော့ချရေး Campaign များ ဆောင်ရွက်လျက်ရှိရာ ဇွန်လ ၄ ရက်နေ့တွင် အဖွဲ့ပိုင်မြို့မစျေးကြီး၌ အဆိုပါ Campaign အားပြုလုပ်ခဲ့ပြီး အောင်လံမြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိနှင့် ဝန်ထမ်းများ၊ စျေးကော်မတီဝင်များ၊ စည်ပင်ကော်မတီများ၊ စုစုပေါင်း(၁၀)ဦးတို့မှ ပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရ သည်။
မျိုးသိန်း(ပြန်/ဆက်)