ရွှေသောင်ယံမြို့ရှိ စာသင်ကျောင်းများ၌ အဘိတ် (Abate) ဆေးခတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်

ရွှေသောင်ယံ ဇွန် ၄

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့တွင် ယနေ့နံနက်(၁၀)နာရီက စာသင်ကျောင်းများရှိ သုံးရေကန်သောက်ရေကန်များ၌ မိုးရာသီတွင်အဖြစ်များ‌‌သော သွေးလွန်တုပ်ကွေးအန္တရာယ်မှကင်းဝေးစေရန် အဘိတ်ဆေး (Abate) ဆေးခတ်ပေးခြင်းလုပ်ငန်းများ လိုက်လံဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။

အဆိုပါ အဘိတ် (Abate) ဆေးများ လိုက်လံခတ်နှံပေးရာတွင် အ-ထ-က(ရွှေသောင်ယံ) စာသင်ကျောင်း၊ အ-မ-က(အုန်းတောကြီး)၊ အ-မ-က(ဂျိုင်လယ်)ကျောင်း၊အ-မ-က(ခရင်ချောင်း) ကျောင်းတို့တွင် သွားရောက်ကွင်းဆင်းကာ ကျောင်းရှိရေကန်များအားပေတွက်၍ အဘိတ် Abate ဆေးများလိုက်လံခတ်ပေးခဲ့ကြသည်။

ထိုသို့ မိုးဦးကျကာလ၌အဓိကအဖြစ်များသော‌ သွေးလွန်တုပ်ကွေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် စာသင်ကျောင်းများ၌လိုက်လံ အဘိတ်(Abate)ဆေးခတ်ရာတွင် မြို့အုပ်ချုပ်ရေးမှူးနှင့်အတူ ရွှေသောင်ယံမြို့ ကျေးလက်ကျန်းမာရေးဌာနခွဲမှ ဆရာမများ၊ မြို့စည်ပင်သာယာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ ပါဝင်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ရွှေသောင်ယံ(ပြန်/ဆက်)