၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ကျိုင်းတုံတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်(ကျိုင်းတုံ)နှင့် ကွန်ပျူတာတက္ကသိုလ်(ကျိုင်းတုံ)၌ ကျောင်းသား ကျောင်းသူများ ပညာသင်ကြားလျက်ရှိ

ကျိုင်းတုံ ဇွန် ၄

၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် အဆင့်မြင့်ပညာဦးစီးဌာန ကျိုင်းတုံတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်(ကျိုင်းတုံ)၊ ကွန်ပျူတာတက္ကသိုလ်(ကျိုင်းတုံ)များ၌ ဘာသာရပ်ဆိုင်ရာ သင်တန်းများကို ဇွန် ၃ ရက် နံနက်ပိုင်းက စတင်ဖွင့်လှစ်ခဲ့ရာ ရှမ်းပြည်နယ်(အရှေ့ပိုင်း)အတွင်း မြို့နယ်များမှ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။

ထို့အတူ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ဆရာအတတ်ပညာဦးစီးဌာန၊ ကျိုင်းတုံပညာရေးဒီဂရီကောလိပ်၌ ပထမနှစ်(ဒုတိယနှစ်ဝက်)၊ ဒုတိယနှစ်(ဒုတိယနှစ်ဝက်)၊ တတိယနှစ်(ပထမနှစ်ဝက်)၊ တတိယနှစ်(ဒုတိယနှစ်ဝက်)နှင့် PPTT(၁၁/၂၄)သင်တန်းများ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)