ဟားခါး ဇွန် ၃
ချင်းပြည်နယ်၊ ဟားခါးမြို့တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများကို ဇွန်လ ၃ ရက်နေ့မှစ၍ စတင်ဖွင့်လှစ်ပြီး ကျောင်းစာများ စတင်သင်ကြားပေးနေပြီဖြစ်ကြောင်း သိရသည်။
ယခု ပညာသင်နှစ်တွင် ဟားခါးမြို့ပေါ်ရှိ အခြေခံပညာအထက်တန်းကျောင်း (၄) ကျောင်း၊ မူလတန်းလွန်ကျောင်း (၁)ကျောင်းနှင့် မူလတန်းကျောင်း (၁) ကျောင်း ၊ စုစုပေါင်း (၆) ကျောင်း ဖွင့်လှစ်နိုင်ခဲ့ပြီး ယနေ့အထိ ကျောင်းအပ်နှံသူဦးရေမှာ မူလတန်းအဆင့် (၂၈၀၀) ဦး၊ အလယ်တန်းအဆင့် (၁၀၆၆) ဦး၊ အထက်တန်းအဆင့် (၄၉၅)ဦး၊ စုစုပေါင်း (၄၃၆၁) ဦး ဖြစ်ကြောင်း၊ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင်လည်း ယခုနှစ်ကဲ့သို့ မြို့ပေါ်ကျောင်း (၆)ကျောင်းသာ ဖွင့်လှစ်နိုင်ခဲ့ပြီး ကျောင်းစတင်ဖွင့်လှစ်သည့်နေ့တွင် ကျောင်းအပ်နှံသူ (၂၃၉၁)ဦးရှိသဖြင့် ယခုပညာသင်နှစ်တွင် ယခင်နှစ်ထက် ကျောင်းအပ်နှံသူဦးရေ (၁၉၇၀)ဦး ပိုများခဲ့ကြောင်းနှင့် ချင်းပြည်နယ်အတွင်း ယနေ့အထိ ကျောင်းအပ်နှံသည့်ကျောင်းသားဦးရေမှာ (၁၆၂၂၆)ဦးရှိပြီး ယခင်နှစ်တွင် ကျောင်းအပ်နှံသူဦးရေ ( ၄၂၅၈၀)ဦးရှိသဖြင့် ယခင်နှစ်ထက် ( ၂၆၃၅၄ ) ဦး ပိုများခဲ့ကြောင်း သိရသည်။
(မောင်တက်လမ်း)