အောင်လံမြို့၌ စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိနှင့်အဖွဲ့ အင်ဂျင်နီယာများ အဝေးပြေးယာဉ်ရပ်နားစခန်းအား သွားရောက်ကြည့်ရှု

အောင်လံ ဇွန် ၄

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့၌ စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိနှင့်အဖွဲ့ အင်ဂျင်နီယာများ အဝေးပြေးယာဉ်ရပ်နားစခန်းကို ယမန်နေ့က သွားရောက် ကြည့်ရှုခဲ့သည်။

ထို့နောက် အောင်လံမြို့နယ် စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိနှင့် အင်ဂျင်နီယာများ က အဝေးပြေးယာဉ်ရပ်နားစခန်းအတွင်း တည်ဆောက်မည့် ကျေးလက်မော်တော်ယာဉ်များ ရပ်နားမည့် (၁၈၀ x ၂၀ x ၁၆) ပေရှိ steel structure အဆောက်အဦ (၂)လုံး တည်ဆောက်နိုင် ရန်အတွက် မြေနေရာရှင်းလင်းဆောင်ရွက်ခြင်းနှင့် ပန္နက်ရိုက်ခြင်းလုပ်ငန်းတို့အား ကြီးကြပ်ခဲ့ကြောင်း သိရသည်။

မျိုးသိန်း(ပြန်/ဆက်)