ရွှေသောင်ယံ ဇွန် ၄
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့ အ-ထ-က(ရွှေသောင်ယံ)စာသင်ကျောင်း၌ယနေ့နံနက်(၉)နာရီက ကျောင်းစတင်ဖွင့်လှစ်သည့်ကာလ ဖြစ်သည့်အတွက် မိဘ၊ဆရာများပူးပေါင်း၍ ကလေးများ အေးချမ်းပျော်ရွှင်စွာ စာသင်ကြားနိုင်ရေးကျောင်းတွင်း ကျောင်းပြင် သန့်ရှင်းယာလှပစေရေးနှင့် ကျောင်းအတွက် လိုအပ်သည်များကို ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။
အစည်းအဝေးတွင် အ-ထ-က(ရွှေသောင်ယံ)ကျောင်းအုပ်ဆရာမကြီးမှ အဖွင့်အမှာစကားပြောကြားပြီး ရွှေသောင်ယံမြို့အုပ်ချုပ်ရေးမှူးမှ အမှာစကားပြောကြားသည်။
ထို့နောက် ဆရာ၊ ဆရာမများ၊ ကျောင်းသားမိဘများမှ ကျောင်းသား၊ကျောင်းသူများ အေးချမ်းလုံခြုံစွာ စာသင်ကြားနိုင်ရေး၊ ကျောင်းတွင်း၊ကျောင်းပြင် သန့်ရှင်းသာယာလှပရေးနှင့်ကျောင်းအတွက် ပြုပြင်ထိန်းသိမ်းစရာ လိုအပ်ချက်များကို ညှိနှိုင်းအစည်းအဝေးလုပ်ခဲ့ကြကြောင်း သိရသည်။
ရွှေသောင်ယံ(ပြန်/ဆက်)