ဒေးဒရဲမြို့နယ်၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးနှိုးဆော်ခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေ

ဒေးဒရဲ ဇွန် ၄

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ ပြည်သူများ မိုးကြိုကာလတွင် ဖြစ်ပွားနိုင်သည့် သဘာဝဘေးအန္တရာယ်များကို ကြိုတင်သိရှိလိုက်နာဆောင်ရွက်နိုင်ရေးအတွက် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးနှိုးဆော်ခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းများကို ယနေ့ နံနက် (၁၀)နာရီက စတင်၍ မြို့ပေါ်ရပ်ကွက်များရှိ လူစည်ကားရာနေရာများတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေးနှိုးဆော်ခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းအား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဖျာပုံခရိုင်၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနက လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝင်းပပ​ကျော်နှင့် ဝန်ထမ်းများက ဒေးဒရဲမြို့နယ်အတွင်း လူစည်ကားရာနေရာများနှင့် ကျေးရွာများသို့ ကွင်းဆင်း၍ မိုးကြိုကာလအတွင်း ဖြစ်ပေါ်တတ်သည့် လေပြင်းဘေးအန္တရာယ်၊ မိုးကြိုးဘေးအန္တရာယ်များနှင့် ပတ်သက်၍ ကြိုတင်ပြင်ဆင်ရန် နည်းလမ်းများ၊ ဆောင်ရန်ရှောင်ရန်အချက်များအား အသိပညာပေး နှိုးဆော်ခဲ့ပြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များအား အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အေဇာလင်း