ရေတာရှည် ဇွန် ၇
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တွင် ယမန်နေ့ နံနက် ၉ နာရီအချိန်က စားသုံးသူရေးရာဦးစီးဌာန၊ ရေတာရှည်မြို့နယ်တာဝန်ခံရုံး၌ အမှတ်(၃)ရပ်ကွက်မှ ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ရပ်မိရပ်ဖများအား စားသုံးသူကာကွယ်ရေးဆိုင်ရာများ အသိပညာပေး ဟောပြောခဲ့သည်။
ဟောပြောပွဲ၌ ရေတာရှည်မြို့နယ် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဦးဇော်ဇော်ထွေးက စားသုံးသူ၏ အခွင့်အရေးနှင့် တာဝန်များ၊ စားသုံးသူနစ်နာဆုံးရှုံးမှု မဖြစ်စေရေးအတွက် ဦးစီး ဌာနမှ ဆောင်ရွက်နေမှုများ၊ စားသုံးသူနစ်နာဆုံးရှုံးမှုများကို ဖြေရှင်းဆောင်ရွက်ပေးနေမှုများကို ရှင်းလင်းပြောကြားပြီး ရပ်ကွက်နေပြည်သူများအနေဖြင့် ကုန်စည်နှင့် ဝန်ဆောင်မှုများကြောင့် နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်ပါက စားသုံးသူရေးရာဦးစီးဌာနသို့ တိုင်ကြားနိုင်ကြောင်းကို ရှင်းလင်း ပြောကြားသည်။
ဆက်လက်၍ တက်ရောက်ကြသည့် ပုဂ္ဂိုလ်များက သိရှိလိုသည်များမေးမြန်းကြရာ မြို့နယ်တာဝန်ခံက ပြန်လည်ရှင်းလင်းဖြေကြားကြောင်းနှင့် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲသို့ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ရပ်မိရပ်ဖ စုစုပေါင်း ၁၀ ဦး တက်ရောက်ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)