လယ်ဝေးမြို့နယ်တွင် မွေးကင်းစမှ အသက်(၂)နှစ်အောက် ကလေးနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေး

လယ်ဝေး ဇွန် ၇

ပြည်ထောင်စုနယ်မြေ၊ လယ်​ဝေးမြို့နယ်တွင် မွေးကင်းစမှ အသက် (၂)နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား လစဥ်ပုံမှန်ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိသည်။

ထိုသို့ ကာကွယ်ဆေးထိုးနှံရာတွင် ကျန်းမာရေးဝန်ထမ်းများက လယ်ဝေးမြို့ပေါ်ရပ်ကွက် (၇)ရပ်ကွက်အတွင်းရှိ မွေးကင်းစမှ အသက်(၂)နှစ်အောက် ကလေးငယ်များအား မြို့နယ်မိခင်နှင့် ကလေးကျန်းမာရေးဌာနတွင်လည်းကောင်း ကျေးရွာများမှ ကလေးငယ်များအား  ကျေးလက် ကျန်းမာရေးဌာနများတွင်လည်းကောင်း ပုံမှန်ကာကွယ်ဆေးများဖြစ်သော ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါ(ဘီ)ပိုး၊ ဦးနှောက်အမြှေးရောင်၊ (၅)မျိုးစပ်ကာကွယ်ဆေး၊ ပိုလီယို အကြောသေ၊ ဝက်သက်၊ ဂျိုက်သိုးရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်း၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှော ဖြစ်စေတတ်သော (Rota) ကာကွယ်ဆေး တိုက်ကျွေး​ခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များအား မေးခိုင်-ဆုံဆို့နာ ကာကွယ်ဆေးများကို ထိုးနှံပေးလျက်ရှိပြီး လစဉ်ပုံမှန်ထိုးပေးနေသည့် ကာကွယ်ဆေး များအား အကြောင်းအမျိုးမျိုးကြောင့် အကြိမ်ပြည့် မထိုးနှံရသည့် ၁ နှစ်မှ ၅ နှစ်အတွင်း ကလေး‌ငယ် များနှင့် အခြားဒေသမှ ပြောင်းရွှေ့လာသည့် ကာကွယ်ဆေးမထိုးရသေးသော ၁ နှစ်မှ ၅ နှစ်အတွင်းရှိ ကလေးငယ်များအား အမီလိုက်ကာကွယ်ဆေးထိုးနှံပေးခဲ့ကြောင်း သိရသည်။

ဝေကြည် (ပြန်/ဆက်)