စေတုတ္တရာ ဇွန် ၇
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်၌ ၂၀၂၄ ခုနှစ် ဇွန်လ(၅)ရက်နေ့၌ ကျရောက်သော ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော် ဒုတိယအကြိမ်အဖြစ် မြို့နယ်သစ်တောဦးစီးဌာန၏ အစီအစဉ်ဖြင့် မြို့နယ်အတွင်းရှိ မြောင်းဦးကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ကျောင်းဝန်းအတွင်း သစ်ပင်များ ဖြင့် စိမ်းလန်းစိုပြည်သာယာလှပစေရေးအတွက် ယမန်နေ့ နံနက်(၉)နာရီက ကျင်းပခဲ့သည်။
ဆက်လက်၍ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူး သိန်းမင်းဇင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်သစ်တောဦးစီးဌာန ဦးစီးအရာရှိ ဦးစွမ်းထက်ကိုနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျန်းမာရေး ဝန်ထမ်းများ၊ မြောင်းဦးကျေးရွာ အ.ထ.က(ခွဲ)မှ ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံပြည်သူများ စုပေါင်းကာ ကျွန်းပင်(၃၅)ပင်၊ ရေတမာ(၁၅)ပင်၊ ဗန်ဒါ(၃၅)ပင်၊ ကုက္ကိုလ်(၃၉)ပင်၊ မယ်ဇလီ(၄၆)ပင်၊ စုစုပေါင်းပျိုးပင် (၁၇၀)ပင်အား စနစ်တကျစိုက်ပျိုးကြသည်။ စေတုတ္တရာမြို့နယ်တွင် မြို့နယ်သစ်တောဦးစီးဌာနမှ ၂၀၂၄ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် မြောင်းဦးကျေးရွာ အ.ထ.က(ခွဲ) ကျောင်း၌ ဇွန်လ(၅)ရက်နေ့တွင် ကျောင်းသား/သူများအား အသိပညာပေးပြပွဲ၊ ဟောပြောပွဲ၊ စာစီစာကုံးပြိုင်ပွဲများ ကျင်းပပေးကာ ဆုရကျောင်းသား၊ ကျောင်းသူများအား ဆုချီးမြှင့်ပေးခြင်းနှင့် ၂၀၂၄ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယနေ့ထိ(၂)ကြိမ် ပြုလုပ်ပြီးဖြစ်၍ စုစုပေါင်းပျိုးပင်(၉၂၀)ပင် စိုက်ပျိုးခဲ့ကြောင်း မြို့နယ်သစ်တောဦးစီးဌာနမှ သိရသည်။
ဝင်းအိမွန်(ပြန်/ဆက်)