ငွေစုငွေချေးသမဝါယမအသင်းလီမိတက်၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကျင်းပ

ချမ်းမြသာစည် ဇွန် ၇

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ မြို့နယ်သမဝါယမအသင်း၊ရွှေဟင်္သာငွေစုငွေချေးသမဝါယမအသင်းလီမိတက်၏  ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က အသင်းရုံးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဖြူသဲနွယ်က အမှာစကားပြောကြားပြီးနောက် ရွှေဟင်္သာငွေစု‌ငွေချေးသမဝါယမအသင်းလီမိတက်၏အသင်းဥက္ကဋ္ဌဦးပါကအသင်း၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် ဦးစီးအရာရှိနှင့် အသင်းဥက္ကဋ္ဌတို့က၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် အသင်းသား(၂၃၁၂)ဦးအတွက် တစ်ဦးလျှင် ၁၀၀၀ဝိ/နှုန်းဖြင့် စုစုပေါင်းငွေကျပ် (၂၃၁၂၀၀ဝိ/)အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရှိရသည်။ ဆက်လက်ပြီး မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိနှင့်ဝန်ထမ်းများသည် ရွှေနဂါးငွေစုငွေချေး သမဝါယမအသင်းလီမိတက်သို့ သွားရောက်၍ အစည်းအဝေးကို ကျင်းပဆောင်ရွက်ခဲ့ပြီး အသင်းဥက္ကဌ ဦးထွန်းမင်းလတ်က ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် အသင်းသား (၈၂၆)ဦးအတွက် ထောက်ပံ့ငွေ (၁၆၅၂၀၀ဝိ/)အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

ချမ်းမြေ့