မာန်အောင်မြို့နယ်တွင် သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေး(HPV) ထိုးနှံပေးရေးအသိပေး ဆွေးနွေးပွဲကျင်းပ

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်အတွင်းရှိ အသက် (၉)နှစ်ပြည့်ပြီး(၁၂)နှစ်မကျော်သော အမျိုးသမီးငယ်များအား သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေး(HPV) ထိုးနှံခြင်း မြို့နယ်အဆင့် အသိပညာပေး ဆွေးနွေးပွဲကို စက်တင်ဘာလ ၁၀ ရက်နေ့ နံနက်(၁၀)နာရီအချိန်က မြို့နယ်ပြည်သူ့ဆေးရုံ၊ အစည်းဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးအသိပညာပေးဆွေးနွေးပွဲကျင်းပ

သင်္ဃန်းကျွန်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ အဂတိတိုက်ဖျက်ရေးအသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့နံနက်(၁၁)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

မိုင်းပျဉ်း၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအခြေခံသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု အခြေခံသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၉) နာရီက မိုင်းပျဉ်းမြို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

မြောက်ဦးမြို့နယ်အတွင်းရှိ ‌သောက်ရေသန့်စက်ရုံများအား ကွင်းဆင်းစစ်ဆေး

ရခိုင်ပြည်နယ်၊ မြောက်ဦး မြို့နယ်အတွင်းရှိ သောက်ရေသန့်စက်ရုံများတွင် လုပ်ငန်းဆိုင်ရာ မှတ်ပုံတင်များနှင့်လုပ်ငန်းဆောင်ရွက်ရာတွင် သန့်ရှင်းမှုရှိ/မရှိ စစ်ဆေးခြင်းကို ယမန်နေ့နံနက် ၁၁ နာရီအချိန်က ရေသန့်စက်ရုံများသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ငါးသိုင်းချောင်းမြို့ ငါးသိုင်းချောင်းမြို့ အ-လ-က (ခွဲ) ဗိုလ်ချုပ်လမ်းကျောင်းတွင် အသိပညာပေး ဟောပြောပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့ အ-လ-က (ခွဲ) ဗိုလ်ချုပ်လမ်းကျောင်း တွင် ယမန်နေ့ နေ့လယ် (၁)နာရီအချိန်က အသိပညာပေး ဟောပြောပွဲကျင်းပ ပြုလုပ်ခဲ့ ကြောင်း သိရသည်။

ငရုတ်ကောင်းမြို့တွင် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးအတွက် မြို့အဆင့်ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများ တွေ့ဆုံပွဲပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့၊ တင်းချောင်းကျေးရွာအုပ်စုအတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုး‌ရေး၊ ရပ်ရွာအေးချမ်း သာယာ‌ရေး၊ ဒေသဖွံ့ဖြိုးရေးအတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းနှင့် ဒေသခံပြည်သူများ တွေ့ဆုံပွဲ ကို ယမန်နေ့ ညနေ ၃ နာရီက ငရုတ်ကောင်းမြို့၊ တင်းချောင်းကျေးရွာအုပ်စု၊ ငရုတ်ကောင်းတောင်ကျေးရွာ၊ စခန်းသာရပ်ကွက် ဘုန်းတော်ကြီး ကျောင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ငပုတောမြို့၌ သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး (HPV) ထိုးနှံနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့၌ သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး (HPV)ထိုးနှံနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ယနေ့ နံနက်ပိုင်းက မြို့နယ်ပြည်သူ့ ဆေးရုံ ဟောင်းဝန်းအတွင်း သံဃာဆောင်၌ ကျင်းပပြုလုပ်သည်။

ကျုံပျော်မြို့နယ် မြရတနာအောင် ဆန်စက်မှ အိမ်ထောင်စု (၁၂၀) အတွက် ဆန်များ ဈေးနှုန်းသက်သာစွာ ရောင်းချ

ပြည်သူများ စားဝတ်နေရေး တစ်ဖက်တစ်လမ်းမှ အဆင်ပြေစေရန်အတွက် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်၊ ပျဉ်ချဆိပ်‌ ကျေးရွာအုပ်စုရှိ မြရတနာအောင် ဆန်စက်မှ အိမ်ထောင်စု (၁၂၀) အတွက် ဆန်များ ဈေးနှုန်းသက်သာစွာ ရောင်းချခြင်းကို ယမန်နေ့ နံနက်က အဆိုပါဆန်စက်တွင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သူနာပြု-သားဖွား ဒီပလိုမာ သင်တန်းသား/သူများအား ဂျူတီကုတ်နှင့်ဦးဆောင်းအပ်နှင်း

ပထမနှစ် သူနာပြု-သားဖွားဒီပလိုမာ သင်တန်းသား၊သင်တန်းသူများ၏ ဂျူတီကုတ်နှင့် ဦးဆောင်း အပ်နှင်းပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီအချိန်ခန့်က ဘားအံမြို့၊ သူနာပြုနှင့်သားဖွား သင်တန်းကျောင်းခန်းမ၌ ကျင်းပခဲ့သည်။

ဟင်္သာတမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အထိမ်းအမှတ် မြို့နယ် အဆင့် ထက်၊ လယ်၊ မူ စာစီစာကုံး၊ ကဗျာ၊ ပန်းချီ၊ ပိုစတာပြိုင်ပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်း ကျောင်း၌ ၂၀၂၃ ခုနှစ်၊ နိုင်ငံတကာ စာတတ် မြောက်ရေးနေ့ အထိမ်းအမှတ် မြို့နယ်အဆင့် ထက်၊ လယ်၊ မူ စာစီစာကုံး၊ ကဗျာ၊ ပန်းချီ၊ ပိုစတာပြိုင်ပွဲကို ယမန်နေ့ နံနက် ၉ နာရီက အဆိုပါ နေရာ၌ ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to