မူဆယ်မြို့တွင် မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ဒေသ သဘာဝပတ်ဝန်ကျင်ထိန်းသိမ်းရေးဆိုင်ရာ ဆွေးနွေးပွဲပြုလုပ်

မူဆယ် ဇွန် ၈

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့ မြန်မာ-တရုတ်နယ်စပ်အဝင်အထွက် ဂိတ်နန်းတော်ဂိတ် (တရုတ်ဘက်) ၌ မြန်မာ-တရုတ် ချစ်ကြည်ရေးအဖွဲ့ ပူးပေါင်း၍ သဘာဝပတ်ဝန်းကျင်ဆိုင်ရာဆွေးနွေးပွဲကို ယမန်နေ့ နံနက်(၁၀)နာရီက ပြုလုပ်ခဲ့သည်။

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ဆွေးနွေးပွဲတွင် တရုတ်နိုင်ငံ ရွှေလီမြို့တော်ဝန် မစ္စတာ Wen Yang က အဖွင့်စကားပြောကြားသည်။ ထိုနောက် မြန်မာ-တရုတ် ချစ်ကြည်ရေး အသင်းဥက္က ဦးရှင်ဖူက သဘာဝပတ်ဝန်းကျင်ဆိုင်ရာ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရမည့် ကိစ္စရပ် များကို ဆွေးနွေးသည်။ ဆက်လက်ပြီး တရုတ်နိုင်ငံမှ တာဝန်ရှိသူများက သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာများကို ပြောကြားသည်။ ထိုနောက် မူဆယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးအယ်လ်စိုးထန်တူးက  နှစ်နိုင်ငံအတူတကွ နယ်စပ်ဒေသ သစ်တောသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းဆိုင်ရာများ ဆွေးနွေးသည်။ ထို့ပြင် နှစ်နိုင်ငံနယ်စပ်ရှိ နမ့်ဆေးချောင်းအတွင်း အမှိုက်များ ပိတ်ဆို့မှုမရှိစေရေး နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်ရမည် ကိစ္စရပ်များကို မြန်မာ-တရုတ် နှစ်နိုင်ငံသဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဆောင်ရွက်ရမည့် ကိစ္စရပ်များကို (မူဆယ်-ရွှေလီ) တာဝန်ရှိ စည်ပင်သာယာ အချင်းချင်းဆွေးနွေးကြသည်။ နှစ်နိုင်ငံနယ်စပ်ဒေသ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်ရေး လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်း (မူဆယ်ရုံးခွဲ)က ဦးဆောင်၍ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပခြင်းဖြစ်ပြီး ဆွေးနွေးပွဲအပြီး၌ ရွှေလီခရိုင် စွန့်ပစ်ပစ္စည်း အမှိုက်များစနစ်တကျသိမ်းဆည်းပြီး လျှပ်စစ်ဓာတ်အား ထုတ်ယူသည့် စက်ရုံ၊ ရေဆိုးများအား သန့်စင်သည့် စက်ရုံများသို့ မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်း (မြန်မာ) ကိုယ်စားလှယ်များက သွားရောက် လေ့လာခဲ့ကြကြောင်း သိရသည်။

ချယ်ရီမြေ (မူဆယ်)