ရေနံချောင်း ဇွန် ၆
မကွေးတိုင်းဒေသကြီး၊ အဆင့်မြင့်ပညာဦးစီးဌာန ရေနံချောင်းတက္ကသိုလ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်ဘာသာရပ်အလိုက် အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီက အဆိုပါတက္ကသိုလ် အားကစားခန်းမ၌ ကျင်းပသည်။
ဖွင့်ပွဲအခမ်းအနားတွင် ရေနံချောင်းတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာချိုချိုမြင့်က ကျောင်းစတင်ဖွင့်လှစ်သည့် အချိန်မှစ၍ ကျောင်းသားကျောင်းသူများ ဗလငါးတန်နှင့် ပြည့်ဝစေရန် ကဏ္ဍအလိုက်ဆောင်ရွက်ပေး လျက်ရှိပြီး ကျောင်းတွင်းအားကစားပြိုင်ပွဲများမှသည် တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်ပြိုင်ပွဲများ၊ ဝန်ကြီးဌာနပြိုင်ပွဲများနှင့် နိုင်ငံတကာ အားကစား ပြိုင်ပွဲများအထိ ပါဝင်ယှဉ်ပြိုင်နိုင်ရန်အတွက် ကြိုးစားယှဉ်ပြိုင်ကစားကြရန် ပြောကြားသည်။
ထို့နောက် ပြိုင်ပွဲဝင်အားကစားသများက အားစကားသစ္စာအဓိဌာန်ရွတ်ဆိုပြီး ရူပဗေဒအသင်းနှင့် သင်္ချာအသင်းတို့က စတင်ယှဉ်ပြိုင်ကစားကြရာ ပါမောက္ခချုပ် ဒေါက်တာချိုချိုမြင့်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ(ဌာနမှူး)များနှင့် ကျောင်းသားကျောင်းသူများက ကြည့်ရှု အားပေးကြသည်။
အဆိုပါအမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲကို ဇွန် ၆ ရက်မှ ၇ ရက်အထိ နှစ်ရက်တာကျင်းပမည်ဖြစ်ပြီး ပြိုင်ပွဲတွင် သမိုင်းဘာသာရပ်အသင်း၊ ရူပဗေဒဘာသာရပ်အသင်း၊ ဓာတုဗေဒဘာသာရပ်အသင်း၊ သင်္ချာဘာသာရပ်အသင်းနှင့် သိပ္ပံညွှန့်ပေါင်းအသင်းတို့ ပါဝင်ယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်