ကန့်ဘလူမြို့၌ Video Editing သင်တန်း ဖွင့်လှစ်

ကန့်ဘလူ ဇွန် ၆

ယနေ့ခေတ် နည်းပညာများ ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ လူငယ်လူရွယ်များ နည်းပညာပိုင်းနှင့် သက်ဆိုင်သည့် အတွေးအခေါ်များ မြင့်မားတိုးတက်လာစေရန် ကန့်ဘလူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကြီးမှူးကျင်းပသည့် Video Editing သင်တန်းကို ယမန်နေ့မွန်းလွဲပိုင်းက လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

သင်တန်းဖွင့်ပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းမြင့်က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး သင်တန်းနည်းပြများက Kine Master Software ဖြင့် ဗီဒီယိုတည်းဖြတ်နည်း၊ ရုပ်ပုံများထည့်နည်း၊ Logo ထည့်နည်း၊ နောက်ခံအသံထည့်နည်းနှင့် ပုံစာရေးသားနည်းများကို လက်တွေ့သင်ကြားပို့ချသည်။

အဆိုပါသင်တန်းကို ဇွန် ၆/၇ ရက် နှစ်ရက်တာ ဖွင့်လှစ်ပိုချမည်ဖြစ်ကြောင်းနှင့် သင်တန်းသို့ သင်တန်းသား၊ သင်တန်းသူ (၁၂) ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)