ကြို့ပင်ကောက်မြို့နယ်၌ သာသနာတော်ဆိုင်ရာ နိကာယ်စာမေးပွဲများကျင်းပ

ကြို့ပင်ကောက် ဇွန် ၇

ပဲခူးတိုင်းဒေသကြီး ကြို့ပင်ကောက်မြို့နယ်၌ သာသနာတော်ဆိုင်ရာ နိကာယ်စာမေးပွဲများကို တိုက်ကျောင်းပါဠိ တက္ကသိုလ်ကျောင်းတိုက်တွင် ဇွန်လ ၇ ရက်နေ့မှစ၍ ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရသည်။

အဆိုပါ နိကာယ်စာမေးပွဲကို နတ်တလင်းမြို့နယ်၊ ဇီးကုန်းမြို့နယ်၊ ကြို့ပင်ကောက်မြို့နယ်၊ အုတ်ဖို မြို့နယ်တို့မှ သံဃာတော်နှင့် သီလရှင်ဆရာလေး စုစုပေါင်း ၁၁၆ ပါးတို့က စာမေးပွဲပထမနေ့ ဘာသာရပ် ၉ ခုအား ဝင်ရောက်ဖြေဆိုကြကြောင်း စာမေးပွဲများကို ဇွန်လ ၇ ရက်နေ့မှ ၁၁ ရက်နေ့ အထိ နေ့စဉ် မွန်းတည့် ၁၂ နာရီမှ ညနေ ၄ နာရီအထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

နိကာယ်စာမေးပွဲများ ကျင်းပနေစဥ်တွင် မြို့နယ်သံဃာ့နာယက ဒုတိယဥက္ကဋ္ဌဆရာတော်နှင့် ဆရာတော်ကြီးများက ကြီးကြပ်ဆောင်ရွက်ခဲ့ကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများနှင့် အလှူရှင်များက ကြီးကြပ်‌ရေးဆရာတော်ကြီးများ၊ စာဖြေသံဃာတော်များနှင့် သီလရှင် ဆရာလေးများအား နေ့ဆွမ်း၊အချိုရည်နှင့် ရေသန့်ဘူးများ ဆက်ကပ်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

ဇေယျာထွန်း(ကြို့ပင်ကောက်)