မော်လမြိုင်ကျွန်းမြို့နယ်တွင် သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် (၃၁) ကြိမ်မြောက် နိကာယ် (ဝိဒူတန်း) စာမေးပွဲကျင်းပ

မော်လမြိုင်ကျွန်း ဇွန် ၇

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် သာသနာရေးနှင့် ယဥ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် အကြိမ် (၃၁) မြောက် နိကာယ် (ဝိဒူတန်း) စာမေးပွဲကို ဇွန်လ ၇ ရက်နေ့မှ ၁၁ ရက်နေ့အထိ ဆောင်ရွက်ကျင်းပသွား မည်ဖြစ်ပြီး အမှတ် (၆)ရပ် ကွက်၊ စိန်ပန်းပတ်လမ်းရှိ သမ္မသဗ္ဓုဒမြို့ဦးစေတီတော်အတွင်းရှိ မြို့နယ်သံဃနာယကာရုံး၌ ကျင်းပပြုလုပ်ခဲ့ကြသည်။

ဗုဒ္ဓသာသနာတော် ထွန်းလင်းတောက်ပ တည်တံ့ခိုင်မြဲရေးနှင့် သာသနာ့အာဇာနည်များ ပေါ်ထွန်းလာစေရေးတို့ကို ရည်ရွယ်ကာ စာမေးပွဲတော်အား မော်လမြိုင်ကျွန်းမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများမှ သံဃာတော် (၃၆)ပါးနှင့် သီလရှင်(၆) ပါး စုစုပေါင်း (၄၂)ပါး ဝင်ရောက်ဖြေဆိုခဲ့ကြပြီး စာဖြေသံဃာများအနေဖြင့် ပါရာဇိကကဏ္ဍ အဌကထာ၊ သိလက္ခန္ဓဝဂ္ဂ အဌကထာ၊ အဌသာလိနိ အဌကထာ၊ ပါစိတျာဒိ အဌကထာ၊ မဟာဝဂ္ဂ အဌကထာ၊ သမ္မော ဟဝိနော ဒနိအဌကထာ၊ စူဠဝဂ္ဂါဒိအဌကထာ၊ ပါထိကဝဂ္ဂ အဌကထာ ဘာသာရပ်များအား ဖြေဆိုရမည်ဖြစ်ကြောင်း တာဝန်ရှိသူများထံမှ သိရသည်။

ရဲကိုမောင် (ပြန်/ဆက်)