နောင်ချို ဇွန် ၇
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ တောင်သူလယ်သမားများအား မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးခြင်းကို မေလ ၂၀ ရက်နေ့မှ စတင်၍ ထုတ်ချေးပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက အဆိုပါဘဏ်တွင် ဆက်လက်ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ထုတ်ချေးပေးရာတွင် နိုင်ငံသားများ၏ စားနပ်ရိက္ခာဖူလုံစေရေး၊ မြန်မာ့လယ်ယာထွက်ကုန်များကို နိုင်ငံတကာဈေးကွက်သို့ ယှဉ်ပြိုင်တင်ပို့နိုင်ရေးနှင့် တောင်သူလယ်သမားများ၏ ဝင်ငွေနှင့် လူမှုစီးပွားရေးဘဝ တိုးတက်စေရန်ရည်ရွယ်၍ မေလ ၂၀ ရက်နေ့မှ ဇွန်လ ၇ ရက်နေ့အထိ ကျေးရွာအုပ်စု (၇)အုပ်ရှိ တောင်သူဦးရေ(၅၇၈)ဦးအတွက် စပါး ၁ ဧကလျှင် ငွေကျပ် ၁၅၀၀၀၀နှုန်း၊ ပြောင်း ၁ ဧကလျှင် ၁၀၀၀၀၀ နှုန်းဖြင့် စုစုပေါင်း စပါးဧက (၁၁၄)ဧကနှင့် ပြောင်း(၃၆၀၃)ဧကအတွက် စုစုပေါင်း ထုတ်ချေးငွေ (၃၇၇၄၀၀၀၀၀/-)ကို ထုတ်ချေးပေးပြီးဖြစ်ကြောင်း ကျန်ရှိသည့် ကျေးရွာအုပ်စုများကိုလည်း ဆက်လက်ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မန်နေဂျာဒေါ်နုနုအေးထံမှ သိရသည်။
ထွေးငယ်