တမူး​မြို့တွင် ကျောင်းနှင့် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာရေး ဌာနဆိုင်ရာများမှ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

တမူး ဇွန် ၈

စစ်ကိုင်းတိုင်း​ဒေသကြီး၊ တမူးမြို့တွင် ကျောင်းသား၊ ကျောင်းသူများ ရောဂါပိုးမွှားကင်းစင်ပြီး စိတ်ချမ်းမြေ့စွာ ပညာသင်ကြားနိုင်ရေးအတွက် ဌာနဆိုင်ရာများ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းကို ဇွန်လ(၈) ရက် နံနက် (၇) နာရီအချိန်က အမှတ် (၅) အခြေခံပညာ အထက်တန်း ကျောင်း (ခွဲ)၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ စုပေါင်းသန့်ရှင်းရေး ပြုလုပ်ရာတွင် ခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှု ဖြင့် ဌာနဆိုင်ရာများ၊ ဆရာ/ဆရာမများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ စုပေါင်း၍ ကျောင်းဝန်း အတွင်းအပြင် သန့်ရှင်းရေးပြုလုပ်ခြင်း၊ အမှိုက်များ၊ ချုံနွယ်များ၊ စာသင်ဆောင်များနှင့် မလွတ် ကင်းသည့် သစ်ကိုင်းများခုတ်ထွင် ရှင်းလင်းခြင်း၊ ရေစီးရေလာကောင်းမွန်စေရေး ရေနုတ်မြောင်းများ ဖော်ထုတ်ရှင်းလင်း​​ခြင်းတို့ကို စုပေါင်းဆောင်ရွက်ခဲ့ကြပြီး စည်ပင်သာယာရေးအဖွဲ့ပိုင် အမှိုက်သိမ်းယာဥ်များဖြင့် သယ်ဆောင်ကာ စနစ်တကျစွန့်ပစ်ခြင်းများကို စုပေါင်းဆောင်ရွက်ခဲ့ကြသည်။

တမူးမြို့နယ်ရှိအခြေခံပညာ ကျောင်းများကိုတွင် ဇွန်လပထမပတ်မှစ၍ စတင်ဖွင့်လှစ်ခဲ့ရာ ကျောင်းသား/ကျောင်းသူများ ပညာသင်ကြားချိန်တွင်  ရောဂါပိုးမွှားကင်းစင်​ပြီး သန့်ရှင်းစွာဖြင့် ပညာသင်ကြားနိုင်​ရေးအတွက် ယခုကဲ့သို့ စုပေါင်းသန့်ရှင်းရေး ပြုလုပ်ခဲ့​ခြင်း​ဖြစ်ကြောင်း သိရသည်။

အဆိုပါ စုပေါင်းသန့်ရှင်းရေးလုပ်ငန်း ဆောင်ရွက်​နေမှုများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဒုတိယဗိုလ်မှူးကြီး အောင်ခိုင်မိုး၊ ခေတ္တခရိုင်အုပ်ချုပ်ရေးမှူး ဦးသိုက်ထွန်း၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ ဦးလှမြင့်တို့မှ ကြီးကြပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ရတနာ