စလင်းမြို့နယ် မိုးဝန်းကျေးရွာအုပ်စု မဲဇလီဆည်ရေသောက်စနစ်ဖြင့် နွေနှမ်းအောင်မြင်ဖြစ်ထွန်း၍ စတင်ရိတ်သိမ်းစျေးကောင်းရရန် မျှော်လင့်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် မိုးဝန်းကျေးရွာအုပ်စုရှိ တောင်သူအများအပြားနှင့် မြို့နယ်အတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်သည့် တောင်သူအများစုသည် စားသုံးဆီ ဖူလုံရေးအတွက် နွေနှမ်းကို အများအပြား စိုက်ပျိုးလုပ်ကိုင်ကြရာ မိုးဝန်းကျေးရွာအုပ်စုမှ တောင်သူ ဦးသိန်းရွှေ စိုက်ပျိုးသည့် ဂျပန် နွေနှမ်းအဖြူ  (၃)ဧကစိုက်ပျိုးရာ  အောင်မြင်ဖြစ်ထွန်း၍  စတင်ရိတ်သိမ်းနေပြီဖြစ်ကြောင်း  သိရသည်။

ညောင်လေးပင်​မြို့၌ “ပြည်သူအားလုံးပါဝင်လို့ သန်းခေါင်စာရင်းကောက်ကြစို့" အသိပညာပေး မြေစိုက်ပိုစတာစိုက်ထူ

၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း လူထုအသိပညာပေးလှုံ့ဆော်ရေး Bill Board စိုက်ထူခြင်း အခမ်းအနားကို ယနေ့ နံနက် ၈ နာရီ ၃၀ မိနစ်အချိန်က ညောင်လေးပင်မြို့၊ မြို့မ(၁)ရပ်ကွက်၊ ရန်ကုန်-မန္တလေးလမ်းနှင့် မင်းလမ်းထောင့်တွင် ကျင်းပပြုလုပ်ခဲ့သည်။

မိုးညိုမြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများ စု‌ပေါင်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏လမ်းညွှန်မှု မြို့နယ်ကျန်းမာရေးဦးစီးဌာန၏ ဦးဆောင်မှုဖြင့် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေး ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများကို ယမန်နေ့နံနက်ပိုင်းတွင် ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များ စုပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကော့ကရိတ်မြို့ အ-မ-က(၁၆)ကျောင်း၌ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

ကေ့ာကရိတ်မြို့တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ကျောင်းဖွင့်ရာသီတွင် ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေချောမွေ့စွာ ပညာသင်ကြားနိုင်ရေးနှင့် မိုးရာသီသွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်စေရန်အတွက် ကော့ကရိတ်မြို့၊ အမှတ်(၄)ရပ်ကွက်၊ အ-မ-က (၁၆)ကျောင်း၌ ယနေ့နံနက်ပိုင်းက ခရိုင်/မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများမှ စုပေါင်းသန့်ရှင်းရေး ပြုလုပ်ဆောင်ရွက်ကြောင်း သိရသည်။

ဗဟန်းမြို့တွင် အမျိုးသမီးသင်္ဘောသားများအတွက် အသက်မွေးဝမ်းကြောင်းဆိုင်ရာ ဟောပြောပွဲကျင်းပ

အမျိုးသမီးသင်္ဘောသားများ ဗဟုသုတတိုးပွားစေရန် အပျော်စီးသင်္ဘောနှင့် ခရီးသည်တင် သင်္ဘောများပေါ်တွင် တာဝန်ထမ်းဆောင်မည့် အမျိုးသမီးသင်္ဘောသားများ ဗဟုသုတတိုးပွားစေ ရန်အတွက် မြန်မာနိုင်ငံ ပင်လယ်ကူးသင်္ဘောသား အလုပ်သမားများအဖွဲ့ချုပ်မှ ဦးဆောင်ပြီး "အမျိုးသမီးသင်္ဘောသားများအတွက် အသက်မွေးဝမ်းကြောင်းဆိုင်ရာ" ဟောပြောပွဲကို ယနေ့ မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်ရှိ မြန်မာနိုင်ငံပင်လယ်ကူး သင်္ဘောသား အလုပ်သမားများ အဖွဲ့ချုပ်ရုံးတွင် ကျင်းပခဲ့သည်။

ဇမ္ဗူသီရိမြို့နယ်၌ စာကြည့်တိုက်များ ရေရှည်ရှင်သန်ဖွံ့ဖြိုးတိုးတက်ရေးဆွေးနွေးပွဲကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ တဲကြီးကုန်းကျေးရွာအုပ်စု၊ တဲကြီးကုန်းကျေးရွာရှိ အလင်းရောင်နှစ်သွယ် စာကြည့်တိုက်၌ စာကြည့်တိုက်များ ရေရှည်ရှင်သန်ဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ရာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ရုံးမှ ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်၊ ဇမ္ဗူသီရိမြို့နယ်ရုံးမှ ဦးစီးအရာရှိ ဒေါ်နီလာစိုး၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်စာကြည့်တိုက်များဖောင်ဒေးရှင်းအတွင်းရေးမှူး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် စာကြည့်တိုက်ကော်မတီဝင်များ တက်ရောက်ခဲ့ကြသည်။

ကျိုက်လတ်၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အဘိတ်ဆေးခတ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ်၊ ပညာပေးခြင်းများပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဉီးဆောင်လမ်းညွှန်မှုဖြင့် သွေးလွန်တုပ်ကွေးရောဂါ မဖြစ်စေရေး၊ ပိုးလောက်လန်းများ ပေါက်ပွားမှု မရှိစေရေးအတွက် အဘိတ်ဆေးခတ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ်၊ ပညာပေးခြင်းများကို ယနေ့နံနက်ပိုင်းမှစတင်၍ ကျိုက်လတ်မြို့ပေါ်ရှိ ရပ်ကွက်များတွင် လိုက်လံဆောင်ရွက်လျက်ရှိသည်။

သီပေါမြို့နယ် ကြက်ခြေနီအသင်းခွဲမှ မိုင်းအန္တရာယ် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်များပြသဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့အမှတ် (၇) အခြေခံပညာမူလတန်းကျောင်း၌ မြန်မာနိုင်ငံကြက်ခြေနီအသင်း သီပေါမြို့နယ်ကြက်ခြေနီအသင်းခွဲမှ မိုင်းအန္တရာယ်အသိ ပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်များပြသခြင်းကို ယမန်နေ့ မွန်းလွဲ(၁)နာရီက ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တောင်ကုတ်မြို့နယ်၌ ၂၀၂၄ ခုနှစ် အစိုးရနိကာယ်စာမေးပွဲကျင်းပ

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်တွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက နှစ်စဉ်ကျင်းပမြဲဖြစ်သော ၂၀၂၄ ခုနှစ်၊ နိကာယ်စာမေးပွဲကို ယနေ့မွန်းတည့် ၁၂ နာရီအချိန်မှစ၍ ဖောင်တော်ဦးစေတီတော်ရှိ မဟာဝိဇယဓမ္မာရုံတွင်ကျမ်းစာများအလိုက် စတင်ဖြေဆိုလျက်ရှိသည်။

မြောက်ဥက္ကလာပမြို့နယ် မယ်လမုစေတီ သာသနာ့ဗိမာန်တော်တွင် ၂၀၂၄ ခုနှစ် အစိုးရနိကာယ်ငါးရပ်စာမေးပွဲဖြေဆို

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် ၂၀၂၄ ခုနှစ် အစိုးရနိကာယ်ငါးရပ်စာမေးပွဲကို ယနေ့ မွန်းတည့် ၁၂ နာရီမှ ညနေ ၄ နာရီထိ (၂)ရပ်ကွက်၊ သမိုင်းဝင်ဆုတောင်းပြည့် မယ်လမုစေတီတော်ရှိ သုံးထပ်သာသနာ့ဗိမာန်တော်တွင် ကျင်းပခဲ့သည်။
Subscribe to