ရွှေတောင်မြို့နယ်၌ ရာသီဥတုအညွှန်းကိန်းသီးနှံအာမခံလုပ်ငန်း အသိပညာပေးဆွေးနွေး

ရွှေတောင် ဇွန် ၈

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်တွင် ပြည်ခရိုင် မြန်မာ့အာမခံလုပ်ငန်းမှ ယမန်နေ့မွန်းလွဲပိုင်း(၁း၀၀) နာရီက ရာသီဥတုအညွှန်းကိန်း သီးနှံအာမခံလုပ်ငန်း အသိပညာပေး ဆွေးနွေးဆောင်ရွက်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟံဝင်းအောင်က အဖွင့်အမှာစကား ပြောကြားခဲ့သည်။ အဆိုပါအသိပညာပေးဆွေးနွေးပွဲကို ပြည်ခရိုင် မြန်မာ့အာမခံလုပ်ငန်းနှင့် ရွှေတောင်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်တို့ ပူးပေါင်း၍ တက်ရောက်လာသော  မိုးစပါးစိုက်စရိတ်ချေးငွေထုတ်ချေးသည့် တောင်သူ(၁၅၈)ဦးအား ပြည်ခရိုင်မြန်မာ့အာမခံလုပ်ငန်း တာဝန်ခံဦးကျော်သူရက ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာသည့် တောင်သူများအား ရာသီဥတုအညွှန်းကိန်းသီးနှံ အာမခံလုပ်ငန်းများကို လက်ခံဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကိုကိုမင်း( ပြန်/ဆက်)