လားရှိုး ဇွန် ၈
အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၊ လားရှိုးတပ်နယ် ၂၀၂၄ ခုနှစ် ပထမအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို ယမန်နေ့ နံနက်ပိုင်းက လားရှိုးမြို့တွင် ကျင်းပခဲ့ကြောင်းသိရသည်။
အဆိုပါ သစ်ပင်စိုက်ပျိုးပွဲတော်သို့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်စိုးတင့်နှင့် တပ်ရင်း တပ်ဖွဲ့ဝင်များ၊ မိသားစုဝင်များ တက်ရောက်ကာ တစ်ပျော်တစ်ပါး သစ်ပင်စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
သစ်ပင်စိုက်ပျိုးပွဲတော်တွင် ရတနာတန်းဝင်ပင်၊ စက်မှုကုန်ကြမ်းသီးနှံပင်၊ နှစ်ရှည်စားသုံးသီးနှံပင်၊ အရိပ်ရလေကာပင် စုစုပေါင်း ၇၂၀၂ ပင် စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
စိုင်းထွန်း (လားရှိုး)