ဇေယျာသီရိမြို့နယ်တွင် စိုက်ပျိုးရေးသုတေသနဦးစီးဌာန သုတေသနစာတမ်းဖတ်ပွဲ ပိတ်ပွဲနှင့် ဆုပေးပွဲကျင်းပ

ဇေယျာသီရိ ဇွန် ၈

စိုက်ပျိုးရေး‌၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ “စိုက်ပျိုးထုတ်ကုန်တိုးတက်ဖို့ နည်းလမ်းမျိုးစုံဆောင်ရွက်စို့” ခေါင်းစဉ်ဖြင့် ပဉ္စမအကြိမ်မြောက် သုတေသနစာတမ်းဖတ်ပွဲ ပိတ်ပွဲအခမ်းအနားကို ယမန်နေ့ ညနေပိုင်းက စိုက်ပျိုးရေး သုတေသနဦးစီးဌာန နဝရတ်ခန်းမ၌ ကျင်းပခဲ့သည်။

ပိတ်ပွဲအခမ်းအနားသို့ စိုက်ပျိုးရေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ နိုင်ကြည်ဝင်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာမင်းစံသိန်းနှင့် တာဝန်ရှိသူများ၊ ဌာန ဆိုင်ရာအသီးသီးမှအကြီးအကဲများ၊ သုတေသနပညာရှင်များ၊ စာတမ်းရှင်များနှင့် ဖိတ်ကြားထား သည့်ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် စိုက်ပျိုးရေးသုတေသန ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာနိုင်ကြည်ဝင်းနှင့် တာဝန်ရှိသူများက အကောင်းဆုံး စာတမ်းဆုရှင် ငါးဦးနှင့် ပိုစတာဆုရှင် သုံးဦးအား ဆုများချီးမြှင့်ပေးအပ်ခဲ့ပြီး ညွှန်ကြားရေးမှူးချုပ်က နိဂုံးချုပ်အမှာစကားပြောကြားရာတွင် ပဉ္စမအကြိမ်မြောက် သုတေသ နစာတမ်းဖတ်ပွဲတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးမှ အစပြု၍ သက်ဆိုင်ရာ နယ်ပယ်အသီးသီး၊ ဌာနအသီးသီး၊ လုပ်ငန်းတာဝန်အသီးသီးမှ တာဝန်ရှိ ပုဂ္ဂိုလ်အားလုံးတို့သည် စာတမ်းဖတ်ပွဲအခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး အတွက် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ပေးခဲ့ကြသည့်အတွက် ကျေးဇူးဥပကာရ အထူးတင်ရှိပါ ကြောင်း၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာန၏ သုတေသနစာတမ်းဖတ်ပွဲများကို နိုင်ငံတကာ အဆင့်မီအောင် ဆောင်ရွက်လျက်ရှိပြီး ဆက်လက်၍ ကြိုးစားဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ သုတေသနပညာရှင်များ၏ ၁၀ စုနှစ်ဝန်းကျင် ကြိုးပမ်းအားထုတ်မှုများအပေါ် ပြည်ထောင်စု ဝန်ကြီး၊ ဒုတိယဝန်ကြီးများမှစ၍ သက်ဆိုင်ရာပညာရှင်များအားလုံးမှ ဝိုင်းဝန်းအကဲဖြတ်ပေး ကြသော ပွဲတခုဖြစ်ပါကြောင်း၊ Technical Session ၁၅ ခုဖြင့် သုံးနေရာ၌ကျင်းပခဲ့ပါကြောင်း၊ နယ်ပယ်အသီးသီးမှ ပညာရှင်များနှင့် စာတမ်း ၆၂ စောင်၊ ပိုစတာ ၂၀ စောင်တို့ဖြင့် နှစ်ရက်တာ ကျင်းပခဲ့ရာ ကြိုးပမ်းအားထုတ်ခဲ့ကြသော သုတေသနပညာရှင်များအားလည်းကောင်း၊ နိုင်ငံတကာ သုတေသနမိတ်ဖက်အဖွဲ့အစည်းများမှ သုတေသနစာတမ်းများ တင်သွင်းဖတ်ကြား ပေးသော သုတေသနစာတမ်းရှင်များအားလည်းကောင်း၊ ပူးပေါင်းပါဝင်ခဲ့ကြသော ဆက်စပ်ဌာန များနှင့် သက်ဆိုင်ရာပုဂ္ဂိုလ်များ၊ ဌာနတွင်းမှ ပညာရှင်အသီးသီးတို့အားလည်းကောင်း၊ သုတေသနစာတမ်းဖတ်ပွဲ အဆင်ပြေအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် နောက်ကွယ်မှ ကူညီ ပံ့ပိုးပေးကြပါသော ဝန်ထမ်းအသီးသီးအားလည်းကောင်း ကျေးဇူးတင်ရှိပါကြောင်း၊ ဖတ်ကြားခဲ့ သည့် သုတေသနစာတမ်းများအား စိုက်ပျိုးရေးသုတေသနဦးစီးဌာန၏ Website တွင် တင်ရှိ ထားမည်ဖြစ်ပါကြောင်း၊ လာရောက်ပူးပေါင်းပါဝင်ဖတ်ကြားခဲ့ကြသည့် ဌာနဆိုင်ရာအသီးသီးမှ စာတမ်းရှင်များအနေဖြင့်လည်း သုတေသနစာတမ်းဖတ်ပွဲမှ ပျော်ရွှင်သော အမှတ်တရများ ရှိနေစေဖို့မျှော် လင့်မိပါကြောင်းနှင့် နိုင်ငံတော်၏ လိုအပ်ချက်၊ ဈေးကွက်၏လိုအပ်ချက်၊ တောင်သူလယ်သမားများ၏ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မည့် သုတေသနများကို လုပ်ဆောင်နိုင်ပြီး နောင်လာမည့် (၆)ကြိမ်မြောက် သုတေသနစာတမ်းဖတ်ပွဲတွင် နိုင်ငံတော်၏ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မည့် သုတေသနစာတမ်းဖတ်ပွဲကြီး ဖြစ်ပေါ်လာပါစေဟု ဆန္ဒပြုကြောင်း ပြောကြားခဲ့သည်။

စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ ကျင်းပသည့် အဆိုပါစာတမ်းဖတ်ပွဲကို ဇွန်လ ၆ ရက်နေ့မှ ၇ ရက်နေ့ထိ ကျင်းပခဲ့ပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ နှစ်စောင်၊ ထိုင်းနိုင်ငံမှ တစ်စောင်၊ အိန္ဒိယ သမ္မတနိုင်ငံမှ တစ်စောင်၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ ၄၉‌ စောင်နှင့် အငြိမ်းစား ပညာရှင် တစ်ဦးမှ တစ်စောင်၊ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနမှ တစ်စောင်၊ ပြည်တက္ကသိုလ်မှ လေးစောင်၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်မှ သုံးစောင် စုစုပေါင်း သုတေသနစာတမ်း ၆၂ စောင်နှင့် စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ ပိုစတာ ၁၉ စောင်နှင့် မွေးမြူရေးသုတေသန ဦးစီးဌာနမှ ပိုစတာ တစ်စောင်တို့အား သုံးနေရာခွဲ၍ဖတ်ကြားခြင်း၊ ပြန်လည်သုံးသပ်ဆွေးနွေး ခြင်းများ  ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထွန်းလင်း(ဇေယျာမြေ)