ဗန်းမော်မြို့တွင် အခြေခံပညာကျောင်းများ သန့်ရှင်းသာယာလှပရေးအတွက် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဆရာ/ဆရာမများပူးပေါင်းဆောင်ရွက်

ဗန်းမော်      ဇွန်        ၈

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့တွင်၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ကျောင်းဖွင့်ရာသီတွင် ကျောင်းသား၊ ကျောင်းသူများ စိတ်ချမ်းသာစွာ ပညာသင်ကြားနိုင်ရေးနှင့် စာသင်ကျောင်း ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေးအတွက် အမှတ်(၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၊ စစ်ဆင် ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် တင်မင်းလတ်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်လတ် နှင့် အဖွဲ့ဝင်များ ကြီးကြပ်မှုဖြင့်  ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဆရာ/ ဆရာမများ ပူးပေါင်း၍ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းကို ဇွန်လ ၈ ရက် နံနက် ၇ နာရီက အမှတ် (၁)အခြေခံပညာ အထက်တန်းကျောင်းနှင့် အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်းတို့တွင် ဆောင်ရွက်ခဲ့ ကြောင်းသိရသည်။

အခြေခံပညာကျောင်းများသန့်ရှင်းရေးကို အမှတ်(၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၊ စစ်ဆင် ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် တင်မင်းလတ်၏ ကြီးကြပ်မှုဖြင့် ဗန်းမော်တပ်နယ်မှ တပ်မတော် သားများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ထွန်းတိုး ဦးဆောင်ပြီး ဗန်းမော်၊ မိုးမောက်၊ မံစီ၊ လွယ်ဂျယ်နှင့် ဒေါ့ဖုန်းယန်တို့မှ ဌာနဆိုင်ရာဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင် များ၊မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့က စာသင်ကျောင်းဝန်းအတွင်းရှိ အမှိုက်များကိုစနစ်တကျ ရှင်းလင်းစွန့်ပစ်ခြင်း၊ ကျောင်းဖွင့်ချိန်တွင် ကျောင်းသား ကျောင်းသူ ကလေးငယ်များ ခြင်အန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ခြင်များ မပေါက်ဖွားစေရန် ခြုံနွယ်များ မြက်ပင်များ ခုတ်ထွင် ရှင်းလင်းခြင်းနှင့် သစ်ကိုင်းခြောက်များ ရှင်းလင်းခြင်း စသည့်လုပ်ငန်းများ စုပေါင်းဆောင်ရွက် နေခြင်းကို အမှတ်(၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၊ စစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် တင်မင်းလတ်နှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်လတ်တို့က လှည့်လည်ကြည့်ရူ အားပေးခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)