မူဆယ် ဇွန် ၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့၌ ဂဏန်း(၁၀)လုံးပါရှိသည့် UID(Unique Identity Number)လက်မှတ်များ နေ့စဉ်ဆောင်ရွက်ပေးလျက်ရှိသည်။
မူဆယ်မြို့၌ ယခင်ကနေ့စဉ်လူဦးရေ(၁၀၀)ဦးခန့်သာ UID(Unique Identity Number)လက်မှတ်များ ဆောင်ရွက်ပေးလျက်ရှိရာ ယခုအခါအသုံးပြုသည့် စက်အရေအတွက် တိုးမြှင့်လာသည့်အတွက် တစ်ရက်လျှင် လူဦးရေ(၅၀၀)ဦးထိ တိုးမြှင့်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း UID(Unique Identity Number)လက်မှတ်များ ပြုလုပ်ရာတွင် ငွေကြေးတစ်စုံတရာပေးဆောင်ရန်မလိုကြောင်း မြို့နယ်ဦးစီးမှူး ဦးစန်းလွင်ထံက သိရှိရသည်။
ထိုသို့ UID(Unique Identity Number)လက်မှတ်များ ဆောင်ရွက်ပေးနေမှုကို မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်လင်းက ကြည့်ရှုပြီး လိုအပ်သည်များကိုဖြည့်ဆည်း ဆောင်ရွက် ပေးသည်။ မူဆယ်မြို့သည် မြန်မာ-တရုတ် တရားဝင် နယ်စပ်ဖြတ်သန်းသွားလာခွင့် TBP, BP လက်မှတ်များဖြင့် မြန်မာ-တရုတ်နှစ်နိုင်ငံအဝင်အထွက် သွားလာနေပြီး လူဦးရေစာရင်း အတိအကျသိရှိနိုင်ရန်အတွက် UID(Unique Identity Number) လက်မှတ် ပြုလုပ်ပြီးသူများသာ တရားဝင် ဝင်/ထွက် သွားလာခွင့်လက်မှတ်များ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရပါသည်။
မြို့နယ်(ပြန်/ဆက်)