ငါန်းဇွန်မြို့နယ်တွင် ၂၀၂၄ ခုနှစ် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပ

ပြည်သူများသစ်တောသစ်ပင်တန်ဖိုးကို အလေးထားသိရှိနားလည်စေရန်၊ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်စေရေး၊ ရာသီဥတုကောင်းမွန်စေရေး၊ အရိပ်အာဝါသနှင့် မျက်စိပသာဒအကျိုးများ ရရှိစေရေးတို့ကိုရည်ရွယ်ပြီး ၂၀၂၄ ခုနှစ် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ် အမှတ်(၁)ရပ်ကွက်ကူနီကွင်းအတွင်း၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ကြီးကြပ်မှုဖြင့် ယနေ့နံနက် ၉နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

မိုင်းယောင်းမြို့၌ ကိုယ်ထူကိုယ်ထ တံတားဖွင့်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် ဝမ်ထန်ကျန့်အုပ်စု နမ့်နော် (အောက်)ကျေးရွာ၌ ယနေ့နံနက် ၈ နာရီက ကိုယ်ထူကိုယ်ထ တံတားဖွင့်ပွဲ ကျင်းပသည်။

ကဝမြို့နယ်၊ မြစိမ်းရောင်ကျေးရွာ(ငါးကဏ္ဍ)ဖွံ့ဖြိုးရေးစီမံကိန်း တတိယ(၃)နှစ်သက်တမ်း၏တတိယနှစ်အတွက် ချေးငွေထုတ်ချေးခြင်းအခမ်းအနားကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်၊ မြစိမ်းရောင်ကျေးရွာ (ငါးကဏ္ဍ)ဖွံ့ဖြိုးရေးစီမံကိန်းတတိယ(၃)နှစ်သက်တမ်း၏တတိယနှစ်အတွက် ချေးငွေထုတ်ချေးခြင်းအခမ်းအနားကို ယမန်နေ့နံနက်(၁၀)နာရီက အုန်းနှဲကျေးရွာမြတ်ပါရမီဇီဝိတဒါန ပတ္တမြားဆေးခန်း၌ ကျင်းပခဲ့သည်။

မိုင်းယောင်းမြို့၌ ကိုယ်ထူကိုယ်ထ တံတားဖွင့်လှစ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် ဝမ်ထန်ကျန့်အုပ်စု နမ့်နော်(အောက်)ကျေးရွာ၌ ယနေ့နံနက် ၈ နာရီက ကိုယ်ထူကိုယ်ထ တံတားဖွင့်ပွဲ ကျင်းပသည်။

ငွေဆောင်မြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ဌာန၏ ဝန်ထမ်းသားသမီး( ကျောင်းသား/သူများ)အား စာရေးကိရိယာနှင့် ပညာသင်ထောက်ပံ့ကြေး ပေးအပ်ပွဲ အခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့၊ မြို့အုပ်ချုပ်ရေးမှူးရုံး၌ ယမန်နေ့ ညနေပိုင်းက ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ဝန်ထမ်းသား/သမီးများအား စာရေးကိရိယာနှင့် ပညာသင်ထောက်ပံ့ကြေး ပေးအပ်သည့်  အခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကန့်ဘလူ၌ စားသုံးဆီများအား စျေးနှုန်းသက်သာစွာဖြင့်ရောင်းချ

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏စီစဥ်လမ်းညွှန်မှုဖြင့် ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်၌ ကုန်စျေးနှုန်းတည်ငြိမ်ရေးနှင့်ပြည်သူများ၊ ဝန်ထမ်းများ စျေးနှုန်သက်သာစွာဖြင့် ဝယ်ယူနိုင်ရေးအတွက် စားအုန်းဆီများ ရောင်းချပေးခြင်းကို ယနေ့နံနက် ၈ နာရီက ကန့်ဘလူခရိုင် စုပေါင်းရုံး၌ ရောင်းချပေးခဲ့ကြောင်း သိရသည်။

ပင်လုံမြို့၊ အမှတ်(၂)ရပ်ကွက်၌ ပြည်သူ့စစ်မှုထမ်းဆိုင်ရာ သိကောင်းစရာများ ချပြရှင်းလင်းပွဲ ပြုလုပ်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့၊ မဟာရဌာဘိသာမဂ္ဂီစေတီတော်ဝန်းအတွင်း ဓမ္မာရုံ၌ ပြည်သူ့စစ်မှုထမ်းဆိုင်ရာသိကောင်းစရာများအား ချပြရှင်းလင်းပွဲကို ယမန်နေ့ နေ့လယ် ၂ နာရီက ပြုလုပ်ခဲ့သည်။

ကျိုင်းတုံမြို့၌ စာသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြော

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ စာသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ဇွန် ၈ ရက်က နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေး သင်တန်းကျောင်း (ကျိုင်းတုံ) တွင်ကျင်းပသည်။

ရွှေတောင်မြို့နယ်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းသား/သမီးများအား ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ပညာသင်ထောက်ပံ့မှုပေးအပ်ပွဲ အခမ်းအနားကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်း သား/သမီးများအား ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ပညာသင်ထောက်ပံ့မှု ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

တောင်ငူခရိုင် စားသုံးသူရေးရာဦးစီးဌာနရုံး၌ ခရိုင်အတွင်းရှိ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအား တွေ့ဆုံ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးမျိုးအောင်သည် ခရိုင်အတွင်းရှိ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအား ယမန်နေ့မွန်းလွဲ ၁ နာရီခွဲအချိန်က ခရိုင်စားသုံးသူရေးရာဦးစီးဌာနရုံး၌ တွေ့ဆုံသည်။
Subscribe to