မြောက်ဥက္ကလာပ ဇွန် ၈
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် ၂၀၂၄ ခုနှစ် အစိုးရနိကာယ်ငါးရပ်စာမေးပွဲကို ယနေ့ မွန်းတည့် ၁၂ နာရီမှ ညနေ ၄ နာရီထိ (၂)ရပ်ကွက်၊ သမိုင်းဝင်ဆုတောင်းပြည့် မယ်လမုစေတီတော်ရှိ သုံးထပ်သာသနာ့ဗိမာန်တော်တွင် ကျင်းပခဲ့သည်။
ထိုသို့ နိကာယ်ငါးရပ်စာမေးပွဲဖြေဆိုရာတွင် အုပ်စု (၁) ၌ (၂၈၀) ပါး၊ အုပ်စု (၂) ၌ (၂၂) ပါး၊ အုပ်စု (၃) ၌ (၈) ပါး၊ အုပ်စု (၄) ၌ (၁) ပါး၊ အုပ်စု (၅) ၌ (၉) ပါး၊ အုပ်စု (၈) ၌ (၁၁) ပါး၊ စုစုပေါင်း (၃၃၁) ပါး ဝင်ရောက်ဖြေဆိုခဲ့ကြသည်။
အဆိုပါ နိကာယ်စာမေးပွဲဖြေဆိုခြင်းကို စာမေးပွဲကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ ဆရာတော်နှင့် အဖွဲ့ဝင်ဆရာတော်များ၊ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်များက အနီးကပ် ကြီးကြပ်ဆောင်ရွက်ခဲ့ကြပြီး မြို့နယ်စီမံအုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်လောဟာတို့က စာမေးပွဲ ဖြေဆိုကြသည့် သံဃာတော်များကို ဖူးမြော်ကြည်ညိုခဲ့ကြပြီး အလှူရှင်များက စာမေးပွဲ ကြီးကြပ်ရေး ဆရာတော်များကို ဝတ္ထုငွေများနှင့် စာဖြေသံဃာတော်များကို အအေးများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။ အဆိုပါ နိကာယ်ငါးရပ်စာမေးကို ဇွန် ၁၁ ရက်ထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
မြမြဝင်း (ပြန်/ဆက်)