ညောင်လေးပင်​မြို့၌ “ပြည်သူအားလုံးပါဝင်လို့ သန်းခေါင်စာရင်းကောက်ကြစို့" အသိပညာပေး မြေစိုက်ပိုစတာစိုက်ထူ

ညောင်လေးပင် ဇွန် ၈

၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း လူထုအသိပညာပေးလှုံ့ဆော်ရေး Bill Board စိုက်ထူခြင်း အခမ်းအနားကို ယနေ့ နံနက် ၈ နာရီ ၃၀ မိနစ်အချိန်က ညောင်လေးပင်မြို့၊ မြို့မ(၁)ရပ်ကွက်၊ ရန်ကုန်-မန္တလေးလမ်းနှင့် မင်းလမ်းထောင့်တွင် ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း လူထုအသိပညာပေး လှုံ့ဆော်ရေး "ပြည်သူအားလုံးပါဝင်လို့ သန်းခေါင်းစာရင်းကောက်ကြစို့" အသိပညာပေးမြေစိုက် ပိုစတာ Bill Board ဆိုင်းဘုတ်အား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်သန်းခေါင်စာရင်း ကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်စိုးနှင့်အဖွဲ့ဝင်များ၊ ခရိုင်သန်းခေါင်စာရင်းကော်မတီ အဖွဲ့ဝင် ဒုတိယရဲမှူးကြီး ဇော်နိုင်ထွန်း၊ ခရိုင်သန်းခေါင်စာရင်းကော်မတီ အတွင်းရေးမှူး ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်နီလာထွန်းတို့က မြေစိုက်ပိုစတာအားအောင်သပြေနှင့် အမွှေးနံ့သာများ ပက်ဖျန်း၍ ဖွင့်လှစ်ခဲ့သည်။ အဆိုပါ အသိပညာပေး မြေစိုက်ပိုစတာစိုက်ထူဆောင်ရွက်ရာသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်သန်းခေါင်စာရင်ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ကြ​ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)