ကေ့ာကရိတ် ဇွန်၈
ကေ့ာကရိတ်မြို့တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ကျောင်းဖွင့်ရာသီတွင် ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေချောမွေ့စွာ ပညာသင်ကြားနိုင်ရေးနှင့် မိုးရာသီသွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်စေရန်အတွက် ကော့ကရိတ်မြို့၊ အမှတ်(၄)ရပ်ကွက်၊ အ-မ-က (၁၆)ကျောင်း၌ ယနေ့နံနက်ပိုင်းက ခရိုင်/မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများမှ စုပေါင်းသန့်ရှင်းရေး ပြုလုပ်ဆောင်ရွက်ကြောင်း သိရသည်။
အဆိုပါ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာ၌ စစ်ဗျူဟာမှူး၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက လိုက်လံကြည့်ရှုစစ်ဆေးပြီး ကျောင်းပတ်ဝန်းကျင်သာယာလှပရေး၊ ကျောင်းဝန်းသန့်ရှင်းရေးအတွက် ချုံနွယ်များ၊ အမှိုက်များ၊ မြက်များ၊ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်သရိုက်များ ဖယ်ရှားရှင်းလင်းပြီ စနစ်တကျစွန့်ပစ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်