မိုင်းယောင်း ဇွန် ၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် ဝမ်ထန်ကျန့်အုပ်စု နမ့်နော် (အောက်)ကျေးရွာ၌ ယနေ့နံနက် ၈ နာရီက ကိုယ်ထူကိုယ်ထ တံတားဖွင့်ပွဲ ကျင်းပသည်။
ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်က အမှာစကား ပြောကြားပြီး ရပ်မိရပ်ဖ ဦးသန်းထွန်းနိုင်က ကျေးဇူးတင်စကား ပြောကြားသည်။ ထို့နောက် ကျေးရွာလူငယ်အဖွဲ့များက ဓမ္မတေးသီချင်းများဖြင့် ဂုဏ်ပြုသီဆို၍ သင်းအုပ်ဆရာတော်နှင့် ဓမ္မဆရာများက တံတားရေရှည်တည်တံ့စေရန် ဆုတောင်း ချီးမွမ်းခဲ့ကြကာ အဆိုပါတံတားသစ်ကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးစိုင်းစိုးစိုး၊ သင်းအုပ်ဆရာတော်နှင့် ရပ်မိရပ်ဖ ဦးဖားဆက်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။
အလျားပေ ၆၀၊ အကျယ် ၁၃ ပေ၊ အမြင့် ၂၂ ပေရှိသော ယင်းတံတားကို ငွေကျပ်သိန်း ၁၀၀၀ ကျော်ဖြင့် ကျေးရွာသူ ကျေးရွာသားများက ကိုယ်ထူကိုယ်ထ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)
 
     
     
    