ငွေဆောင် ဇွန် ၈
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့၊ မြို့အုပ်ချုပ်ရေးမှူးရုံး၌ ယမန်နေ့ ညနေပိုင်းက ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ဝန်ထမ်းသား/သမီးများအား စာရေးကိရိယာနှင့် ပညာသင်ထောက်ပံ့ကြေး ပေးအပ်သည့် အခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနား၌ မြို့အုပ်ချုပ်ရေးမှူးသိန်းဇော်မှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ဌာန၏ ဝန်ထမ်းသားသမီး (၁၀) ဦးအားထောက်ပံ့ကြေးပေးအပ်ခဲ့ကြောင်း သိရသည်။ ထိုသို့ ထောက်ပံ့ရာတွင် ဝန်ထမ်းသားသမီး တစ်ဦးချင်းစီအား ဗလာစာအုပ် (၁) ဒါဇင်၊ ဘောပင်/ ခဲတံ (၃) ချောင်း၊ ပေတံ (၁) ချောင်းနှင့် တက္ကသိုလ်အဆင့် (၁၀၀၀၀၀) ကျပ်၊ အထက်တန်းအဆင့် (၇၀၀၀၀) ကျပ်၊ အလယ်တန်းအဆင့် ( ၅၀၀၀၀) ကျပ် ၊ မူလတန်းအဆင့် (၃၀၀၀၀) ကျပ်နှုန်းဖြင့် စုစုပေါင်း (၆၀၁၀၀၀/-) ကျပ် ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရသည်။
R – 014( ငွေဆောင်)
 
     
     
     
    