ငါန်းဇွန် ဇွန် ၈
ပြည်သူများသစ်တောသစ်ပင်တန်ဖိုးကို အလေးထားသိရှိနားလည်စေရန်၊ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်စေရေး၊ ရာသီဥတုကောင်းမွန်စေရေး၊ အရိပ်အာဝါသနှင့် မျက်စိပသာဒအကျိုးများ ရရှိစေရေးတို့ကိုရည်ရွယ်ပြီး ၂၀၂၄ ခုနှစ် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ် အမှတ်(၁)ရပ်ကွက်ကူနီကွင်းအတွင်း၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ကြီးကြပ်မှုဖြင့် ယနေ့နံနက် ၉နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါမိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္က ဦးမျိုးမင်းသိန်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ မြို့ပေါ်ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ဒေသခံပြည်သူများ စုစုပေါင်း(၂၈၅)ဦးတို့သည် မြို့နယ်သစ်တောဦးစီးဌာနမှ ပျိုးထောင်ထားရှိသော ကျွန်း၊ မယ်ဇလီ၊ ပိတောက်၊ စိန်ပန်း၊ ငုရွှေဝါ၊ ညောင်ဝါ၊ တပေဘူတ၊ မယ်ဇယ်၊ တမာ၊ ယူကလစ်၊ ကုက္ကိုလ်၊ ဗန်ဒါနှင့် ဒဟတ်ပင် စုစုပေါင်းသစ်မျိုး (၁၃)မျိုး (၂)ပေနှင့်အထက် အပင်(၃၀၀)ကို သတ်မှတ်နေရာ အသီးသီး၌ တပျော်တပါး စုပေါင်းသစ်ပင်စိုက်ပျိုးခဲ့ကြောင်း သိရသည်။
သက်နောင်ဦး(ငါန်းဇွန်)