ကဝ ဇွန် ၈
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်၊ မြစိမ်းရောင်ကျေးရွာ (ငါးကဏ္ဍ)ဖွံ့ဖြိုးရေးစီမံကိန်းတတိယ(၃)နှစ်သက်တမ်း၏တတိယနှစ်အတွက် ချေးငွေထုတ်ချေးခြင်းအခမ်းအနားကို ယမန်နေ့နံနက်(၁၀)နာရီက အုန်းနှဲကျေးရွာမြတ်ပါရမီဇီဝိတဒါန ပတ္တမြားဆေးခန်း၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးလှအောင်သိန်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ အုန်းနှဲကျေးရွာအုပ်ချုပ်ရေးမှူး ဦးစန်းမြင့်က ချေးငွေများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မြစိမ်းရောင်ကျေးရွာ(ငါးကဏ္ဍ)ဖွံ့ဖြိုးရေးအတွက် အုန်းနှဲကျေးရွာမှ ရေလုပ်သား (၄၃၇)ဦးအတွက် ချေးငွေ (၇၃၀)သိန်းကို ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
ရဲဇော်ဟိန်း(ပြန်/ဆက်)