ကန့်ဘလူ ဇွန် ၈
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏စီစဥ်လမ်းညွှန်မှုဖြင့် ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်၌ ကုန်စျေးနှုန်းတည်ငြိမ်ရေးနှင့်ပြည်သူများ၊ ဝန်ထမ်းများ စျေးနှုန်သက်သာစွာဖြင့် ဝယ်ယူနိုင်ရေးအတွက် စားအုန်းဆီများ ရောင်းချပေးခြင်းကို ယနေ့နံနက် ၈ နာရီက ကန့်ဘလူခရိုင် စုပေါင်းရုံး၌ ရောင်းချပေးခဲ့ကြောင်း သိရသည်။
ထိုသို့ရောင်းချပေးရာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၏ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆီကုန်သည်ကြီးများအသင်း၊ မြို့နယ် အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များပူးပေါင်း၍ လာရောက်ဝယ်ယူသူပြည်သူများ အလွယ်တကူဝယ်ယူနိုင်ရေး စီစဥ်ဆောင်ရွက်ပေးကာ တစ်ဦးလျှင် စားအုန်းဆီ ၁ ပိဿာ ကျပ် ၆၀၀၀ နှုန်းဖြင့် ၉၉၅ ပိဿာကို စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။
အောင်ဝင်းငြိမ်း (ကန့်ဘလူ)