ပင်လုံမြို့၊ အမှတ်(၂)ရပ်ကွက်၌ ပြည်သူ့စစ်မှုထမ်းဆိုင်ရာ သိကောင်းစရာများ ချပြရှင်းလင်းပွဲ ပြုလုပ်

ပင်လုံ   ဇွန်  ၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့၊ မဟာရဌာဘိသာမဂ္ဂီစေတီတော်ဝန်းအတွင်း ဓမ္မာရုံ၌ ပြည်သူ့စစ်မှုထမ်းဆိုင်ရာသိကောင်းစရာများအား ချပြရှင်းလင်းပွဲကို ယမန်နေ့ နေ့လယ် ၂  နာရီက ပြုလုပ်ခဲ့သည်။

အဆိုပါဟောပြောပွဲတွင် လွိုင်လင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးထွန်းမြတ်နိုင်၊ လွိုင်လင်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးစိုးလွင်ဦးနှင့် ပင်လုံမြို့ မြို့အုပ်ချုပ်ရေးမှူး ဦးရန်ပိုင်ဖြိုးတို့က စစ်မှုထမ်းဆိုင်ရာသိကောင်းစရာများအား အသီးသီးရှင်းလင်းဟောပြောခဲ့ကြပါသည်။

ဟောပြောပွဲသို့ ရပ်ကွက်(၂)အုပ်ချုပ်ရေးမှူး၊ ရပ်ကွက်စာရေးနှင့် ဆယ်အိမ်မှူး၊ ရာအိမ်မှူးများက ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြပြီး ရပ်ကွက်နေပြည်သူ(၁၅၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

မြို့နယ် (ပြန်/ဆက်)