မိတ္ထီလာ၌ မိုးရာသီလူထုစုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

မိတ္ထီလာ ဇွန်

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့၌ ခရိုင်သစ်တောဦးစီးဌာနမှ စီစဉ်ကျင်းပသော ၂ဝ၂၄ ခုနှစ် မိုးရာသီ လူထုစုပေါင်း သစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၈ နာရီအချိန်က မိတ္ထီလာ-မလှိုင် ကားလမ်းမအနီးရှိ လိန်တော ကြိုးပြင်ကာကွယ်တောတွင် ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ လူထုစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတွင် ဦးစွာ သစ်ပင်စိုက်ပျိုးပွဲတွင် ပါဝင်စိုက်ပျိုးကြမည့် သူများထံသို့  သစ်ပင်ပျိုးပင်များကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဇော်ဦးနှင့်အဖွဲ့ဝင်များ၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါက်တာစောမြင့်ထူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်အောင်လေးနှင့် အဖွဲ့ဝင်များနှင့် ခရိုင်သစ်တောဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးရဲလွင်တို့က ပေးအပ်သည်။ ဆက်လက်၍ လူထုစုပေါင်းသစ်ပင် စိုက်ပျိုးပွဲကို ကျင်းပရာ တမာ ၂ဝဝပင်၊ ရင်းမာ ၁ဝဝပင်၊ စိန်ပန်း ၁ဝဝပင် နှင့် မယ်ဇလီ ၁ဝဝ ပင်တို့ကို ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ခရိုင်နှင့်မြို့နယ်သစ်တောဦးစီးဌာနတို့မှ ဝန်ထမ်းများ၊  လိန်တောကျေးရွာ ဒေသခံပြည်သူများနှင့် တက်ရောက်လာကြသူများက ပျော်ရွှင်စွာဖြင့် စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

ချမ်းသာ