ပိုင်ကျုံ ဇွန် ၈
ပြည်သူများကျန်းမာရေးနှင့်အညီ နေထိုင်နိုင်ရေးနှင့် ခြင်အန္တရာယ်နှင့် ပတ်သက်သော ရောဂါများမှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် ဇွန်လ ၈ ရက်နေ့က ပိုင်ကျုံမြို့ အမှတ် (၁) ရပ်ကွက်ရှိ အ-မ-က နို့ထို့ခေးကျောင်း၌ ဆေးစိမ်ခြင်ထောင်များ ထောက်ပံ့ပေးအပ်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ဆေးစိမ်ခြင်ထောင်များကို ကျန်းမာရေးဝန်ကြီးဌာနမှ ထောက်ပံ့ပေးအပ်လျက်ရှိပြီး ပြည်သူများထံ လက်ဝယ်အရောက် ရရှိရေးအတွက် ပိုင်ကျုံမြို့ ကျေးလက်ကျန်းမာရေးဌာနမှ တာဝန်ရှိသူများတို့က ပြည်သူများထံ ပေးအပ်လျက်ရှိကြောင်း၊ ခြင်ထောင်များကို အိမ်ထောင်စုများမှ လူဦးရေအနည်းအများပေါ် မူတည်ပြီးပေးအပ်ခဲ့ရှိကြောင်း သိရသည်။
ထိုဆေးစိမ်ခြင်ထောင်များ ပေးအပ်ခြင်းကြောင့် မိုးရာသီ၌ ခြင်ပေါက်ဖွားမှုနှုန်းများသည့် အချိန်တွင် ဆေးစိမ်ခြင်ထောင်များ ရရှိသည့်အတွက် ပြည်သူများအနေဖြင့် ခြင်မှတဆင့်ကူးဆက်တတ်သော ရောဂါများ ကာကွယ်နိုင်ပြီး ခြင်ထောင်များရရှိခြင်းကြောင့် ခြင်ကိုက်ခြင်းအန္တရာယ်မှ ကာကွယ်နိုင်မည့်အပြင် မိသားစုများအနေဖြင့် ကောင်းမွန်စွာ အိပ်စက်အနားယူနိုင်မည်ဖြစ်ကြောင်း၊ ခြင်ထောင်ထောက်ပံ့ပေးသည့် တာဝန်ရှိသူများအားလုံး အထူးကျေးဇူးတင်ကြောင်း ပြည်သူတစ်ဦးထံမှ သိရသည်။
နော်ခူး(ပြန်/ဆက်)