ဂန့်ဂေါ ဇွန် ၉
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်တွင် မိုးရာသီ၌ဖြစ်ပွားလေ့ရှိသည့် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးနှင့် ကြိုတင်ကာကွယ်ရေးအတွက် ယနေ့နံနက် ၈ နာရီက မြို့ပေါ်ရပ်ကွက်ရှိ စာသင်ကျောင်းများ၌ ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ဂန့်ဂေါမြို့နယ် ကျန်းမာရေးမှူး(၁) ဦးစန်းဝင်း ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်ပညာရေးမှူး ဦးအောင်ဝင်း၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်နန်းစံစံထွေးနှင့်အဖွဲ့ဝင်များ၊ ဆရာ/မများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက အ.လ.က(ခွဲ)စည်ပင်ကျောင်းနှင့် အ.ထ.က(မြို့မ)စာသင်ကျောင်းသို့ သွားရောက်၍ ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများဆောင်ရွက်ခြင်း၊ အဘိတ်ဆေးခတ်ခြင်း၊ ခြင်ခိုအောင်းနိုင်သော ရေတွင်းရေကန်များ၊ ရေစီးဆင်းမှုမရှိသည့် ရေမြောင်းများထဲသို့ အဘိတ်ဆေးခတ်ခြင်းနှင့် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများအား စာသင်ကျောင်းများနှင့် မြို့ပေါ်ရပ်ကွက်များရှိ နေအိမ်များ၌ အပတ်စဉ်တိုင်း ကွင်းဆင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ထင်အောင်နိုင်(ဂန့်ဂေါ)