ပေါင်းတည်မြို့၌ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပလတ်စတစ်အိတ်လျှော့ချသုံးစွဲရေး ကွင်းဆင်းအသိပညာပေး

ပေါင်းတည် ဇွန် ၉

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ယနေ့နံနက်၇နာရီက စည်ပင်သာယာရေးစျေးများအတွင်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် ပလတ်စတစ်အိတ်များ ​လျှော့ချသုံးစွဲနိုင်ကြရန် မြို့နယ်စဉ်ပင်သာယာရေးအဖွဲ့က ကွင်းဆင်းအသိပညာပေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများသည် စျေးအကျိုးတော်ဆောင်ကော်မတီအဖွဲ့ဝင်များ လိုက်ပါလျက် မြို့မစျေး၊ ရွှေတည်စျေးနှင့် လဟာပြင်စျေးများသို့ သွားရောက်ကာ စျေးအတွင်းနှင့်စျေးပတ်ဝန်းကျင်တွင် ပလတ်စတစ်ညစ်ညမ်းအမှိုက်များ ကင်းစင်သန့်ရှင်းရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးတို့အတွက် ပလတ်စတစ်အိတ်အစားထိုး ဒေသထွက်အင်ဖက်၊ ငှက်ပျောရွက်နှင့် စက္ကူများဖြင့် ထုတ်ပိုးရောင်းချနိုင်ရေးတို့ကို တစ်ဆိုင်ချင်း အသိပညာပေးဟောပြောကာ ဒေသထွက်အင်ဖက်များ ဝေငှပေးခဲ့ကြကြောင်း သိရသည်။

ရွှေသား(ပြန်/ဆက်)