တံတားဦး ဇွန် ၁၀
တံတားဦးခရိုင်၊ တံတားဦးမြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ နှစ်ပတ်လည်အစည်းအဝေးကို ယမန်နေ့နံနက်(၁၀)နာရီက မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ အစည်းအဝေးခန်းမ၌ ကျင်းပကြောင်းသိရသည်။
အဆိုပါအစည်းအဝေးတွင် မန္တလေးတိုင်းဒေသကြီး စစ်မှုထမ်းဟောင်းကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးကိုကိုအောင် (ဒုတိယဗိုလ်မှူးကြီး-ငြိမ်း)မှ ဩဝါဒစကားမြွက်ကြားပြီး လိုအပ်သည်များကို လမ်းညွှန်အမှာစကားပြောကြားသည်။ ထို့နောက် မြို့နယ်စစ်မှုထမ်းအဖွဲ့အား တက်ရောက်လာသူများက အမှုဆောင်အဖွဲ့သစ်ကို ပြန်လည်ရွေးချယ်တင်မြောက်ပေးကြသည်။ ဆက်လက်၍ မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဆန်းလင်း(ဗိုလ်ကြီး-ငြိမ်း)မှ အမှာစကားရှင်းလင်းပြောကြားသည်။ ထို့နောက်မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးအခြေအနေများ ၊ အစီရင်ခံစာများ ၊ ရှေ့လုပ်ငန်းစဉ်များ၊ ရငွေ၊ သုံးငွေနှင့်အဖွဲ့၏ ပိုင်ဆိုင်မှုငွေစာရင်းများကို တာဝန်ရှိသူများက အသီးသီးရှင်းလင်းတင်ပြဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ရဲတင့်( ပြန်/ဆက်)