ပုလောမြို့နယ်၌ လူကုန်ကူးမှုအန္တရာယ်ဆိုင်ရာအသိပညာပေး Talk Show ပြုလုပ်

ပုလောမြို့နယ်၌ လူကုန်ကူးမှုအန္တရာယ်ဆိုင်ရာအသိပညာပေး Talk Show ပြုလုပ် ပုလော စက်တင်ဘာ ၁၅ အေးအေးမော်

မြို့နယ်မီးသတ်ဦးစီးဌာနမှ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်း

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ မီးသတ်ဦးစီးဌာနမှ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက အဆိုပါဦးစီးဌာန အစည်းအဝေးရုံးခန်းမ၌ ကျင်းပခဲ့သည်။

ကျွန်းစုမြို့တွင် လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး Talk Show ပြုလုပ်

ကျွန်းစုမြို့တွင် လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး Talk Show ပြုလုပ် ကျွန်းစု စက်တင်ဘာ ၁၅ ထက်မြင့်

သံတွဲမြို့၌ (၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (ခရိုင်အဆင့်)ပြိုင်ပွဲကျင်းပ

(၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (ခရိုင်အဆင့်) ပြိုင်ပွဲကို စက်တင်ဘာလ ၁၀ ရက်နေ့၊ နံနက် ၉ နာရီက သံတွဲမြို့၊ ဒွါရာဝတီမြို့နယ်ခန်းမ၌ ကျင်းပပြုလုပ်သည်။

ဖျာပုံမြို့၌ အသက် (၉) နှစ်ပြည့်ပြီး (၁၂)နှစ်မကျော်သော မိန်းကလေးငယ်များအား သားအိမ် ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး HPV ထိုးနှံနိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေး

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ (၉)နှစ်ပြည့်ပြီး (၁၂)နှစ် မကျော်သော မိန်းကလေးငယ်များအား သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး HPV ထိုးနှံနိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယနေ့ နံနက် (၁၀)နာရီအချိန်က ဖျာပုံပြည်သူ့ဆေးရုံကြီး အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။

ကန်ကြီးထောင့်မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများ စစ်ကြောင်း ၅ ကြောင်းဖြင့် ကွင်းဆင်း တွေ့ဆုံ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်အတွင်းလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာ အေးချမ်းသာယာရေးနှင့် ဒေသဖွံဖြိုးရေးအတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းနှင့် ဒေသခံပြည်သူများတွေ့ဆုံပွဲကို မြင်းကဆိပ်ကျေးရွာအုပ်စု၊ မြင်းကဆိပ်ကျေးရွာရှိ စာသင်ကျောင်းတွင် ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။

ပုသိမ်မြို့တွင် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အထက်တန်းအဆင့် စာစီစာကုံးနှင့် အလယ်တန်းအဆင့် ပန်းချီပြိုင်ပွဲ ကျင်းပ

၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ (၁၆)ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဧရာဝတီတိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အထက်တန်းအဆင့် စာစီစာကုံးနှင့်အလယ်တန်းအဆင့် ပန်းချီပြိုင်ပွဲကို ပုသိမ်မြို့၊ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၌ ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

ညောင်တုန်းမြို့နယ်တွင် ရေဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ပိုစတာစိုက်ထူ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းနယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ရေဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ပိုစတာကို ယနေ့ နံနက်ပိုင်းက ဗိုလ်ချုပ်လမ်းတွင် စိုက်ထူခဲ့သည်။

ပန်းတနော်မြို့၌ အခြေခံကွန်ပျူတာသင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ပန်းတနော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)၌ အခြေခံကွန်ပျူတာသင်တန်းအမှတ်စဥ် ၁၊ ၂/ (၂၀၂၃) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပ ပြုလုပ်ခဲ့သည်။

မြန်အောင်မြို့၊ အမှတ်(၁) ရပ်ကွက် မြန်အောင်တာမိုင် ၆/၃ အနီး ဧရာဝတီမြစ်ရေ ကျဆင်းချိန် ကမ်းပြိုမှုဖြစ်ပွား

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင် ၊ မြန်အောင်မြို့ အမှတ်(၁) ရပ်ကွက် မြန်အောင်တာမိုင် ၆/၃ အနီး ဧရာဝတီမြစ်ရေကျဆင်းချိန် မြစ်ရေ တိုက်စားမှုကြောင့် ကမ်းပြိုမှုဖြစ်ပွား လျက်ရှိပြီး ကမ်းပြိုမှု ဖြစ်ပွားသောနေရာ၌ အလျား ပေ ၂၀ ခန့် မြေသားအက်ကြောင်းများ ဖြစ်ပေါ် လျက်ရှိရာ ယနေ့ နံနက်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမင်းထွန်းနှင့် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန ဦးစီး အရာရှိ ဦးသိန်းဌေးတို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
Subscribe to