မော်လမြိုင်ကျွန်းမြို့နယ်၌ ၂၀၂၄ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ

မော်လမြိုင်ကျွန်း ဇွန် ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင် ကျွန်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်မှုဖြင့် မြို့နယ်သစ်တောဦးစီးဌာနမှကြီးမှူး၍ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေး၊ သစ်ပင်များ စိုက်ပျိုးခြင်းဖြင့် ဒေသတွင်းအပူချိန် လျော့ကျလာစေရန်၊ သစ်တောသစ်ပင်များ ပြုန်းတီးမှုမဖြစ်ပေါ်စေရန်၊ ကြီးမြန်သောသစ်ပင်များ စိုက်ပျိုးလျှင် စွမ်းအင်လည်းရစေရန်၊ ပြည်လည်းလှပမှုရှိစေရန်ရည်ရွယ်၍ ၂၀၂၄ ခုနှစ် မိုးရာသီသစ်ပင် စိုက်ပျိုးပွဲတော်ကို ယနေ့နံနက် (၉) နာရီအချိန်က ပုဂံပုံကျေးရွာအုပ်စု၊ ဇုက္ကနိ-ကျောင်းစုကျေးရွာချင်းဆက်လမ်း မြေပေါ်တွင် ကျင်းပဆောင်ရွက်သည်။

ရှေးဦးစွာ စိုက်ပျိုးမည့်ပျိုးပင်များအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြောင်းမြခရိုင်၊ သစ်တောဦးစီးဌာန ဦးစီးအရာရှိမှ တက်ရောက်လာသူများထံ အပင်များပေးအပ်၍ စုပေါင်းသစ်ပင် စိုက်ပျိုးပွဲကိုကျင်းပပါသည်။

အဆိုပါ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသီဟဇော်၊ အဖွဲ့ဝင် (၁) ဗိုလ်မှူးမင်းလွင်၊ အတွင်းရေးမှူး ရဲမှူးမိုးစိန်၊ မြို့နယ်ဌာနဆိုင်ရာအကြီးအကဲများ၊ မြောင်းမြခရိုင် သစ်တောဦးစီးဌာနမှ မြို့နယ်ဦးစီအရာရှိ ဦးကြည်ဌေးနှင့် ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ဒေသခံပြည်သူများနှင့် အတူအင်အား (၁၅၀) ဦးခန့်ဖြင့် မဟော်ဂနီအပင် (၂၀၀) နှင့် မန်ဂျန်ရှား အပင် (၃၀၀) စုစုပေါင်း  (၅၀၀) အား စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

ရဲကိုမောင် (ပြန်/ဆက်)