မြန်အောင် ဇွန် ၉
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ အမှတ်(၄)ရပ်ကွက်အတွင်းရှိ အခြေခံအိမ်ထောင်စုများအား ယနေ့နံနက်က သတ်မှတ်စျေးနှုန်းဖြင့်စားအုန်းဆီပိဿာ ၁၁၀ ရောင်းချပေးခဲ့ကြောင်း သိရသည်။
မြို့နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ ရပ်ကွက်များအတွင်း စျေးကားဖြင့် အလှည့်ကျသွားရောက်၍ အခြေခံအိမ်ထောင်စုဝင်များကို သတ်မှတ်ရည်ညွှန်းစျေးဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
မြန်အောင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၂) ဦးမြင့်နိုင် မြို့နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးမင်းဇော်ဦး၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန ဦးစီးမှူး ဦးမြင့်အောင်တို့သည် ထူကျေးရွာအုပ်စုအတွင်း စားသုံးဆီဖြန့်ဖြူးရောင်းချနေမှုအား ကြည့်ရှု အားပေးခဲ့ကြပြီး အင်ပင်မြို့အုပ်ချုပ်ရေးမှူးရုံးတွင် ဒေသခံပြည်သူများ စားအုန်းဆီကို သတ်မှတ်ရည်ညွှန်းစျေးဖြင့် ဝယ်ယူစားသုံးနိုင်ရန် အင်ပင်ဒေသဆီကိုယ်စားလှယ်၊ အင်ပင်ရပ်ကွက်/ ကျေးရွာအုပ်စုများနှင့်တောင်ရိုးဒေသရှိ ကုန်စုံရောင်းချသူများနှင့်တွေ့ဆုံ၍ ဆီရရှိမှု၊ ခွဲဝေဖြန်ဖြူး ရောင်းချမှု၊ သတ်မှတ်ရည်ညွှန်းစျေးတို့ကိုရှင်းလင်းဆွေးနွေးပြီး ကုန်စုံဆိုင်များမှတစ်ဆင့် စားသုံးသူ လက်ဝယ်သို့ သတ်မှတ်စျေးနှုန်းများဖြင့် ပြည့်ပြည့်ဝဝရောင်းချပေးနိုင်ရေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဝင်းဗိုလ်(ပြန်/ဆက်)