ဟိုင်းကြီးကျွန်းမြို့၌ သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ်ခြင်း၊ အဘိတ်ဆေးခတ်ခြင်းလုပ်ငန်းများ ကြပ်မတ်ဆောင်ရွက်

ဟိုင်းကြီးကျွန်း ဇွန် ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့တွင် သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးအတွက် ခြင်ခိုလှုံပေါက်ဖွားနိုင်သောနေရာများအား လိုက်လံစစ်ဆေး၍ ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများဆောင်ရွက်ခြင်းကို ယနေ့နံနက်(၀၉း၀၀)နာရီအချိန်က ကျန်းမာရေးဦးစီးဌာနမှတာဝန်ရှိသူများနှင့် မြို့အဆင့်ဌာနဆိုင်ရာများပူးပေါင်း၍ ကျောက်ချောင်းကျေးရွာအုပ်စုနှင့် ကံချိုင်ကျေးရွာအုပ်စုတို့၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ကျန်းမာရေးဦးစီးဌာနမှတာဝန်ရှိသူများနှင့် မြို့အဆင့်ဌာနဆိုင်ရာများသည် ပိုးလောက်လန်းပေါက်ပွားနိုင်သည့်နေရာများကိုစစ်ဆေးပြီး ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများ ပုံမှန်ဆောင်ရွက်ရန်၊ မိုးရေတင်နိုင်သောတာယာကွင်းများ၊ အိုးခွက်များအတွင်း ခြင်ပေါက်ပွားမှုမရှိစေရေး၊ ပိုးလောက်လန်းပေါက်ပွားမှု ရှိ/မရှိ လိုက်လံစစ်ဆေးပြီး ခြင်ပေါက်ပွားမှုမရှိစေရေးဆောင်ရွက်ရန်တို့ကို ဒေသခံပြည်သူများအား အသိပညာပေးဟောပြောပွဲများဆောင်ရွက်ပြီး ရေတွင်း၊ ရေကန်များတွင် အဘိတ်ဆေးခတ်၍ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများအား အရှိန်အဟုန်ဖြင့် ဆောင်ရွက်ပေးနေလျက်ရှိကြောင်း သိရသည်။

လှိုင်မျိုးအောင် (ဟိုင်းကြီးကျွန်း ပြန်/ဆက်)