ရေကြည် ဇွန် ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ် ညောင်ပင်သာကျေးရွာ၌ (၂၀၂၄-၂၀၂၅) ဘဏ္ဍာနှစ်၊ (၂၀၂၄ ခုနှစ်၊ မိုးရာသီ) ကျေးရွာအခြေပြု ကျေးရွာ ထင်းစိုက်ခင်း (၂) ဧက စိုက်ပျိုးပွဲတော်အား ယမန်နေ့ နံနက် ( ၇ ) နာရီအချိန်က ကျင်းပခဲ့သည်။
အဆိုပါ သစ်ပင်စိုက်ပျိုးပွဲတွင် ရေကြည်မြိုနယ် သစ်တောဦးစီးဌာန၊ ကုန်းပြင်ဘိနယ်၊ တာဝန်ခံဝန်ထမ်းများ၊ ညောင်ပင်သာကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ကျေးရွာနေပြည်သူများက မြို့နယ်သစ်တောဦးစီးဌာနမှ ပျိုးထောင်ထားရှိသော မန်ဂျန်ရှားပင် ပေါင်း (၂၄၂၀) အား ပန္နက်အကွာအဝေး (၆) ပေ (၆) ပေ ဖြင့်စိုက်ပျိုးခဲ့ကြောင်း သိရှိရသည်။
မေသန့်ဇင် (ရေကြည်)