မိုင်းဖြတ် ဇွန် ၁၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်သစ်တောဦးစီးဌာနအနေဖြင့် ဒေသအတွင်း ပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေးအတွက် ပျိုးပင်များကို(အခမဲ့)ဖြန့်ဝေပေးသွားမည်ဖြစ်ရာ ပျိုးပင်ပေါင်း ၃၀၀၀၀ကို စိုက်ပျိုးထားရှိကြောင်း သိရသည်။
ထိုသို့ပျိုးထောင်ထားရှိရာတွင် မြို့နယ်သစ်တောဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသန်းထွန်းအောင်နှင့်ဝန်ထမ်းများ၏ ဆောင်ရွက်မှုတို့ဖြင့် သစ်တောရုံးဝန်းအတွင်း မြို့မပျိုးဥယျာဥ်၌ ၂၀၂၄ ခုနှစ်၊ မိုးရာသီ လူထုဖြန့်ဝေရေးအတွက် ကျွန်း၊ မန်ဂျန်ရှား၊ မဲဇာလီ၊ စိန်ပန်း၊ ခရေ၊ ငုစပ်၊ ကံ့ကော်ပင်နှင့် အခြားပျိုးပင်များကို စိုက်ပျိုးထားရှိကြောင်း သိရသည်။
ယခုအခါမိုးရာသီကာလရောက်ရှိပြီဖြစ်ရာ သစ်တော၊ သစ်ပင်များ စိုက်ပျိုးချိန် အကောင်းဆုံးဖြစ်သည့်အတွက် မြို့နယ်သစ်တောဦးစီးဌာနအနေဖြင့် ပျိုးပင်များကို တပ်ရင်းတပ်ဖွဲ့များ၊ ရပ်ကွက်နှင့်ကျေးရွာအုပ်စုများထံ (အခမဲ့)ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)